SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ချက်

Sunday, 13 August 2017 10:33 font size decrease font size decrease font size increase font size increase font size

ရာသီတုပ်ကွေး ရောဂါသည် ယခုကဲ့သို့ မိုးရာသီနှင့် မိုးအကုန် ဆောင်းအကူး ကာလများတွင် ဖြစ်ပွားလေ့ရှိပါသည်။

ရောဂါပိုးသည် လေထဲမှတစ်ဆင့် အသက်ရှူ လမ်းကြောင်းတွင်းသို့ ဝင်ရောက်ပြီး တစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ကူးစက်နိုင်ပါသည်။

ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရ သူများသို့ ပိုမိုကူးစက်နိုင်သည်။ ကူးစက်ခံရပါက ရောဂါပိုမို ပြင်းထန်တတ်ပါသည်။

အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါသည်။

ရောဂါလက္ခဏာများမှာ - ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ခေါင်းကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ နုံးခွေခြင်းစသည်တို့ ဖြစ်ပါသည်။

ရာသီတုပ်ကွေး ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသည်။

နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ရောဂါပိုးများကူးစက်မှုကိုဟန့်တားရန် ပါးစပ်နှင့် နှာခေါင်းကို အုပ်၍ နှာချေ၊ချောင်းဆိုးရန် တိုက်တွန်းအပ်ပါသည်။

(လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းတို့  အသုံးပြုနိုင်ပါသည်။)

ရောဂါပိုးများသည် လက်တွင် ကပ်ငြိနေနိုင်သဖြင့် ချောင်းဆိုး၊ နှာချေပြီးချိန်နှင့် ရောဂါလက္ခဏာ ရှိသူများအား ထိတွေ့ကိုင်တွယ် ပြီးချိန်တိုင်း ရေနှင့်ဆပ်ပြာတို့ဖြင့် လက်ဆေးပါရန် တိုက်တွန်းပါသည်။

တုပ်ကွေးရောဂါ ဖြစ်ပွားသူနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ လူထူထပ်သော နေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။

ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက လုံလောက်စွာ အနားယူခြင်း၊ အရည်များများ သောက်သုံးခြင်း၊ ကိုယ်ပူချိန် မြင့်မားပါက ရေဖတ်တိုက်ခြင်း တို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

မိမိတွင်  တုပ်ကွေးရောဂါ လက္ခဏာများ ဖြစ်ပွားပါက ဆေးရုံ/ဆေးခန်းတို့တွင် ကုသမှုခံယူပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read 59 times Last modified on Sunday, 13 August 2017 10:36