SJ WorldNews - шаблон joomla Авто

ဂျပန် ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း တိုင်းဒေသကြီး အဆင့် စတင်

Thursday, 16 November 2017 10:13 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၅

နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း ၂ဝ၁၇ တိုင်းဒေသကြီးအဆင့်ကို စတင်သည့် အခမ်းအနားအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းေ ကျာင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေး ထိုးနှံမည့် ကလေးများနှင့် ကာကွယ်ဆေး ထိုးနှံသည့် ဆေးထိုးစုရပ် လေးခုအား လှည့်လည်ကြည့်ရှုကြပြီး ကာကွယ်ဆေး ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်းအား မြန်မာနိုင်ငံ တစ်ဝန်းရှိ အသက်ကိုးလမှ ၁၅ နှစ်အရွယ်ရှိ ကလေးငယ်ပေါင်း ၁၅ သန်းကို ထိုးနှံမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် ရည်မှန်းကလေး ပေါင်း ၁၆ သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ကလေးတစ်ဦးအတွက် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာခန့် ကျသင့်မည့် အဆိုပါ ထိုးဆေးကို အသုံးပြုမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းအတွက် ကာကွယ်ဆေးများ၊ ကာကွယ် ဆေးထိုး ဆက်စပ်ပစ္စည်းများနှင့် လုပ်ငန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်းကို GAVI (Global Alliance for Vaccines and Immunization) က ပံ့ပိုးပေးထားကြောင်း သိရသည်။

ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ အခြေခံပညာ မူလတန်း ကျောင်း၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပ ညာရေးကျောင်း၊ ပုဂ္ဂလိက ကျောင်းများနှင့် နိုင်ငံတကာကျောင်း များ၌ စုရပ်များဖွင့်၍ ထိုးနှံပေးမည်ဖြစ်သည်။ အလားတူ ဒီဇင်ဘာ ၁၁ ရက်မှ ၂ဝ ရက်အထိ ပြည်သူ့အခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင်လည်း မြို့နယ်ဆေးရုံများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ဒေသန္တ ရကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်းများ၊ ပုဂ္ဂလိကနေအိမ်နှင့် တခြားသတ်မှတ်ထားသည့် စုရပ်များ၌ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

Read 76 times Last modified on Thursday, 16 November 2017 10:23