SJ WorldNews - шаблон joomla Авто

နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း ၂ဝ၁၇ ဗဟိုအဆင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Thursday, 16 November 2017 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အကြီးမားဆုံး လှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း ၂ဝ၁၇ ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့်  အခြေခံပညာဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းတို့က နိုင်ငံတစ်ဝန်း ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း  ၂ဝ၁၇   ဗဟိုအဆင့်  ဖွင့်ပွဲအခမ်းအနားကို  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  နိုင်ငံတစ်ဝန်း  ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို   အောင်မြင်စွာ ကျင်းပနိုင်ရန် အကူအညီပေး သည့်   ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး ခင်းကျင်းပြသထားသော ပြခန်းငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

မြန်မာနိုင်ငံတွင် ကပ်ရောဂါအသွင်ဖြင့် ခြင်မှတစ်ဆင့်  ကူးစက်တတ်သော ဂျပန်ဦးနှောက်ရောင် ရောဂါအား  ကာကွယ်နိုင်ရန်အတွက် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများကို အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကလေးငယ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယနေ့မှစ၍ နိုဝင်ဘာ ၂၃ ရက်အထိ တစ်ပြိုင်နက်တည်း  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

Read 37 times Last modified on Thursday, 16 November 2017 09:55