SJ WorldNews - шаблон joomla Авто

သူနာပြုနှင့် သားဖွားသင်တန်းသား သင်တန်းသူများအား ဂျူတီကုတ် ဦးဆောင်း အပ်နှင်း

Wednesday, 15 November 2017 15:21 font size decrease font size decrease font size increase font size increase font size

သူနာပြု သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်း နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကား ပြောကြားသည်။ ထို့နောက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နီနီဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက 1st year Nursing ပထမ၊ ဒုတိယ၊ တတိယ၊ 2nd / 3rd year Nursing ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ The Best Clever Award in 25th Batch ရရှိသူ သင်တန်းသား၊ သင်တန်းသူ နှစ်ဦး၊ နေပြည်တော်တွင် ကျင်းပေ သာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ကရာတေးဒိုပြိုင်ပွဲတွင် ပထမဆုရရှိ သော မအိုဒီးလာ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသော နန်းစု နှင်းမွန်တို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်) တွင် ကရာတေးဒို အားကစား လေ့ကျင့်သင်ကြားပေးသည့် ကရာတေးဒိုနည်းပြ ဒေါ်နန်းဆိုင်မိန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ ထူးချွန်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းအတွက် မြက်ရိတ်စက် နှစ်လုံးဝယ်ယူရန် အလှူငွေကျပ် သုံးသိန်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရော က်ကြကြောင်း သိရသည်။

Read 22 times Last modified on Thursday, 16 November 2017 08:04