SJ WorldNews - шаблон joomla Авто

ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေး

Wednesday, 15 November 2017 15:21 font size decrease font size decrease font size increase font size increase font size

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စု ချောင်းဝကြီးကျေးရွာ၌ ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ကလေးများအားလုံး ထိုးနှံရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပသည်။ အခမ်း အနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက ဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျွန်းစုမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းရီနှင့် ကျေးလက်ကျန်းမာရေးမှူးတို့က ကျောင်းအခြေပြုဆေး ထိုးခြင်းအစီအစဉ်ဖြင့် ပြည်သူ လူထု အခြေပြုကာကွယ်ဆေးထိုးခြင်း အစီအစဉ်များဖြစ်သော နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ အသက်ငါးနှစ်မှ ၁၅ နှစ်အထိ ကလေးများကို လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်မှ ၂ဝ ရက်အထိ အသက် ကိုးလမှ ငါးနှစ်အထိ ကလေးများကို လည်းကောင်း ကာကွယ်ဆေးအစု လိုက် ထိုးနှံပေးခြင်း အစီအ စဉ်များကို တက်ရောက်လာသူများအား တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေး ကြကြောင်း သိရသည်။

Read 22 times Last modified on Thursday, 16 November 2017 08:05