SJ WorldNews - шаблон joomla Авто

ရန်ကုန် ကလေးဆေးရုံကြီး၌ ကျောက်ကပ် အစားထိုး ကုသပေးမည်

Saturday, 11 November 2017 09:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁ဝ

ရန်ကုန် ကလေးဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ရောဂါဌာန၌ ကလေးငယ်များအား ကျောက်ကပ် အစားထိုးကုသပေးခြင်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ကုသပေး မည်ဖြစ် ကြောင်း ရန်ကုန် ကလေးဆေးရုံကြီး ကလေး ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာချိုချိုဆန်းထံမှ သိရသည်။

ကလေးများတွင် ကျောက်ကပ်ရောဂါနှင့် ပတ်သက်၍ ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင် ရောဂါအများဆုံး ဖြစ်ပွားနေပြီး ကျောက်ကပ်ပျက်သည်အထိ ဖြစ်ပွား နေသည်။

လတ်တလောတွင် ကျောက်ကပ်ပျက်ရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါ ဟူ၍ နှစ်မျိုး ရှိရာ ကျောက်ကပ်ပျက် ရောဂါမှာ မြွေကိုက်ခံရသည့်အခါတွင် အများဆုံး တွေ့ရကြောင်း သိရ သည်။

''ကလေးတွေမှာ ကျောက်ကပ်ရောဂါအဖြစ် အများဆုံးက ဆီးထဲမှာ အသားဓာတ်ပါတဲ့ ကျောက်ကပ်ရောင် ရောဂါပါ'' ဟု ဒေါက်တာချိုချိုဆန်းက ပြောသည်။

ထို့ပြင် ကျောက်ကပ်ဆေးရာတွင် ဝမ်းဗိုက်အမြှေးကိုဖောက်၍ ပိုက်ထည့်ပြီး ဆေးခြင်းနှင့် စက်ဖြင့် သွေးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းဟူ၍နှစ်မျိုးရှိရာ လတ်တလောတွင် ကျောက်ကပ်ပျက်စီးသည့် ရောဂါအများစုသည် ကလေးများ၏ သွေးပေါင်ချိန် မညီမျှမှုများ၊ ကလေးများတွင် အလွန်ဆိုးရွားသည့် ရောဂါခံစားနေရပါက စက်ဖြင့်ဆေးခြင်းသည် အဆင်မပြေနိုင်သည့် အတွက် ငွေကုန်သက်သာပြီး ကလေးများနှင့် ပိုသင့်လျော်သည့်အတွက် ဝမ်းဗိုက်အမြှေးကို ဖောက်ပြီး ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်ကြရကြောင်း သိရသည်။

ရန်ကုန် ကလေးဆေးရုံကြီး၌ လာရောက်ပြသသည့် ဆီးနှင့်ကျောက်ကပ် ရောဂါဝေဒနာရှင် ကလေးဦးရေ များပြားလာသည့်အတွက် နာတာရှည်ကလေး ကျောက်ကပ်ဝေဒနာရှင်များနှင့် ကလေးကျောက်ကပ် ဝေဒနာရှင်များ အတွက် လိုအပ်နေသည့် အကူအညီများ ပေးလိုပါက အလှူရှင်များအနေဖြင့် ရန်ကုန် ကလေးဆေးရုံကြီး ကလေးဆီးနှင့် ကျောက်ကပ် ရောဂါဌာန ဆေးရုံအုပ်ကြီး ရုံးခန်း ဖုန်း-ဝ၁- ၂၂၂၈ဝ၈သို့ ဆက်သွယ် လှူဒါန်းနိုင် ကြောင်း သိရသည်။

 

Read 15 times Last modified on Saturday, 11 November 2017 09:50