SJ WorldNews - шаблон joomla Авто

ပုသိမ်မြို့၌ လိပ်ခေါင်းရောဂါအကြောင်း စာတမ်းဖတ်ပွဲကျင်းပ

Wednesday, 01 November 2017 10:50 font size decrease font size decrease font size increase font size increase font size

ပုသိမ်  အောက်တိုဘာ  ၃၁

ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ အမှတ်(၈)ရပ်ကွက် တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနရုံး  ခန်းမဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီး

တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ လိပ်ခေါင်းရောဂါအကြောင်း စာတမ်းဖတ်ပွဲ ကျင်းပသည်။ရှေးဦးစွာ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန ဦးစီးမှူး ဦးသန်းညွန့်က အဖွင့် အမှာစကားပြောကြားရာတွင် လိပ်ခေါင်းရောဂါ ခံစားနေရသော ဝေဒနာရှင်များအနေဖြင့်  ဝေဒနာသက်သာမှုရရှိ စေရန် အထောက်အကူဖြစ်စေမည့် ထိုင်ပုံထိုင်နည်း၊ ရောဂါဖြစ် ပွားနေသူများ သတိထားရှောင်ကြဉ်ရမည့် အစားအစာများ ၊ဆေးလိမ်းနည်း၊ဆေးသုံးစွဲရမည့်အခြေအနေများ၊ သုံးစွဲသင့် သည့် တိုင်းရင်းဆေးအမျိုး အစား များနှင့်  စားသောက်နေထိုင်ရန် အတွက် အလေ့အကျင့်ကောင်းများကို  လိုက်နာဆောင်ရွက်ရန်  ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဇလွန်မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ယုယုထွေးက လိပ်ခေါင်းရောဂါအကြောင်းစာတမ်းကို  ဖတ်ကြားတင်ပြပြီး တိုင်းရင်းဆေး ဆရာ၊ ဆရာမများ၊ အရပ်သား တိုင်းရင်းဆေးဆရာများက မိမိတို့၏ အတွေ့အကြုံအရ လိပ်ခေါင်းရောဂါပျောက်ကင်းအောင်ကုသပုံကုသနည်း၊ ဆေးဝါးများအကြောင်း အသီးသီး တင်ပြဆွေးနွေးရာ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူးက ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်ပြီး လိုအပ်ချက်များကိုဖြည့်စွက်ညှိနှိုင်းကြောင်း သိရသည်။

Read 35 times Last modified on Wednesday, 01 November 2017 11:44