SJ WorldNews - шаблон joomla Авто

ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

Monday, 09 October 2017 10:03 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်အတွင်းရှိ Shine Hope ကုမ္ပဏီ မိသားစု၏ အပတ်စဉ် ကျန်းမာ ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါ ကုမ္ပဏီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့ ခုတင် ၅ဝဝဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ လာမာမီးက ''အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး''ခေါင်းစဉ်ဖြင့် အမျိုးသမီးများ တွေ့ကြုံရသည့် ကျန်းမာရေး ဆိုင်ရာပြဿနာများ၊ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်လေ့ရှိသည့် ကျန်းမာရေးဆိုင်ရာ သိသင့် သည်များ၊ ဆောင်ရန်/ရှောင်ရန်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက သိလိုသည့် ကျန်းမာရေးဆိုင်ရာများကို မေးမြန်းရာ ဆေးရုံအုပ်ဒေါက်တာ လာမာမီးက ပြန်လည်ရှင်းလင်း ဖြေကြားကာ Shine Hope ကုမ္ပဏီမိသားစုမှ တာဝန်ရှိသူ တစ်ဦးက အမှတ်တရ လက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရ သည်။

Read 76 times Last modified on Monday, 09 October 2017 10:10