SJ WorldNews - шаблон joomla Авто

မြစ်ကြီးနား မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်

Wednesday, 13 September 2017 11:29 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  စက်တင်ဘာ ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် နယ်မြေ(၁၂)တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် တားဆီး ရေးအတွက် ပိုးလောက်လမ်းများ မပေါက်ပွားနိုင်အောင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံးသွန်လဲစစ် လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဒေသန္တရ ကျန်းမာရေး ဌာနမှ ဆရာမ ဒေါ်စိုးစိုးမွန်နှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ သီတာရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ မြေမြင့်ရပ်ကွက်များတွင် အပတ်စဉ် ဖုံးသွန်လဲစစ် လုပ်ငန်းများ ဆောင် ရွက်ခြင်းနှင့် သုံးလတစ်ကြိမ် အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

''ကျွန်မတို့က ဖုံးသွန်လဲစစ်လုပ်ငန်းတွေ အဘိတ်ဆေးခတ် တာတွေကို ပုံမှန်ဆောင်ရွက် ပေးနေပါတယ်။ အဓိကကတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်တဲ့ ခြင်တွေမပေါက်ပွားနိုင်အောင် အိမ်ပတ်ဝန်းကျင်တွေမှာ ရေဝပ်နိုင်တဲ့ နေရာတွေ၊ ပိုးလောက်လမ်း ပေါက်ပွားစေနိုင်တဲ့ နေရာတွေ မရှိစေရေး အလေးထားပြီး အသိပညာပေး ဟောပြောပွဲ တွေလည်း ဆောင်ရွက်ပေးနေပါတယ်''ဟု ဒေသန္တရ ကျန်းမာရေး ဌာနမှ ဆရာမ ဒေါ်စိုးစိုးမွန်က ပြောကြားကြောင်း သိရသည်။

Read 53 times Last modified on Wednesday, 13 September 2017 14:23