SJ WorldNews - шаблон joomla Авто

ပဲခူးမြို့နယ်ရှိ မျက်စိ ဝေဒနာရှင်များကို မျက်စိစမ်းသပ် ဆေးကုသပေး

Wednesday, 13 September 2017 09:22 font size decrease font size decrease font size increase font size increase font size

ပဲခူး  စက်တင်ဘာ  ၁၂

စင်ကာပူနိုင်ငံ NGEEANN  POLYTE CHNIC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုဘဝတိုးတက်ရေး အသင်းတို့ ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်ပင်ဆိပ်ကျေးရွာ အုပ်စုရှိ မျက်စိဝေဒနာရှင်များကို သုံးရက်တာ  အခမဲ့မျက်စိကုသစမ်းသပ်ပေးမှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းမှ မျက်စိဝေဒနာရှင်များကို စက်တင်ဘာ ၈ ရက်မှ ၁ဝ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ၂ဝ ဦးတို့က မျက်စိစမ်းသပ် ကုသပေးခဲ့ပြီး မျက်စိမှုန်သူများကို မျက်မှန်အခမဲ့ပြုလုပ်ပေးခြင်း၊ ခွဲစိတ်ကုသရန် လိုအပ်သူများကို အုတ်ဖိုမြို့နယ် မျက်စိအထူးကု ဆေးရုံသို့ ပို့ဆောင်ခွဲစိတ် ကုသပေးသည်။

ကျောင်းအနေဖြင့် မြန်မာနိုင်ငံတွင် မျက်စိစမ်းသပ် ခွဲစိတ်ပေးမှုကို ပထမဦးဆုံးအကြိမ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လူမှုဘဝတိုးတက်ရေး အသင်းအနေဖြင့် မြန်မာနိုင်ငံ၌ ဆင်းရဲသော နေရာများ၊  မြို့များနှင့် အလှမ်းကွာဝေးသော ဒေသများကို ဦးစားပေးရွေးချယ်၍ ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ထို့ပြင်   စက်တင်ဘာ ၁၆ ရက်တွင်လည်း  အင်းတကော်မြို့ရှိ   ပန်းပျိုးလက် ပရဟိတ စာသင်ကျောင်း၌ မျက်စိဝေဒနာရှင်များကို မျက်စိအခမဲ့ ကုသပေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 16 times Last modified on Wednesday, 13 September 2017 09:24