SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့ အခမ်းအနား ကျင်းပ

Monday, 11 September 2017 10:41 font size decrease font size decrease font size increase font size increase font size

မိုင်းယောင်း  စက်တင်ဘာ  ၁ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်ခရိုင်   မိုင်းယောင်းမြို့နယ်  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ  ကြီးမှူးကျင်းပသော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေက    ကမ္ဘာ့ကြက်ခြေနီ အသင်းမှပေးပို့သော ကမ္ဘာ့ရှေးဦး ပြုစုခြင်း နေ့သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် စက်တင်ဘာ ၅ ရက်မှ ၈ ရက် အထိ မိုင်းယောင်း အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုခြင်း သင်တန်း အမှတ်စဉ်(၁/၂ဝ၁၇)တွင် ထူးချွန်ဆု ရရှိသူများအားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့်     မြို့နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးအောင်နိုင်ဝင်းတို့က လည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို     မြို့နယ်ကျန်းမာရေး ဦးစီးဌာန    ဦးစီးမှူး ဒေါက်တာမင်းသိန်းက လည်းကောင်း အသီးသီး ပေးအပ်သည်။

ဆက်လက်၍ စံပြကြက်ခြေနီ ကျေးရွာဆုရ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာကို    မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်နန်းဆေးက လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အဆင့်  ပထမဆုရ တာချီလိတ် ခရိုင်၊ ဒုတိယဆုရ  မိုင်းဆတ်ခရိုင်၊  တတိယ ဆုရ ကျိုင်းတုံခရိုင်တို့အား ဆုများနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု  ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေက လည်းကောင်း ပေးအပ်ကြောင်း  သိရသည်။

Read 53 times Last modified on Monday, 11 September 2017 10:42