SJ WorldNews - шаблон joomla Авто

အသည်း ကျောက်ကပ် ရိုးတွင်းခြင်ဆီ အစားထိုးမှုနှင့် သွေးရောဂါများ အကြောင်း အိန္ဒိယနိုင်ငံရှိ ဝါရင့်အထူးကုဆရာဝန်ကြီးများမှ အခမဲ့ လာရောက်ဆွေးနွေး

Monday, 11 September 2017 09:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်မြို့ရှိ  Grand Hantha International Hospitalနှင့် အိန္ဒိယနိုင်ငံမှ Fortis ဆေးရုံကြီးတို့ ပူးပေါင်း၍ အိန္ဒိယနိုင်ငံမှ ဝါရင့်အထူးကု ဆရာဝန်ကြီးများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ Grand Hantha International Hospital၌ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီ အစားထိုးမှုနှင့် သွေးရောဂါများ အကြောင်း အခမဲ့ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ လာရောက်ကြသည့် အသည်းခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr.Vive k Vij ၊ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်ကြီး Dr.Rajeev ရိုးတွင်းခြင်ဆီ အစားထိုးမှုနှင့် သွေးရောဂါအထူးကု ဆရာဝန်ကြီး Dr.Rahul Bhargava တို့က ပြည်သူများအား ကုသပေးသော ရောဂါများအလိုက် ရောဂါမဖြစ်ပွားအောင် နေထိုင်ရမည့်ပုံစံများနှင့် ရောဂါဖြစ်ပွားလာပါက ကုသရမည့်နည်းလမ်းများကို ဟောပြောဆွေးနွေးကြသည်။

''အိန္ဒိယနိုင်ငံက ဝါရင့်အထူးကု ဆရာဝန်ကြီးတွေ လာရောက်ဆွေးနွေးတာ ဒီတစ်ကြိမ်နဲ့ဆို ခုနစ်ကြိမ်ရှိပါပြီ။ နောက်ပိုင်းတွေမှာလည်း လာရောက်ပြီး ဟောပြောပွဲတွေ ထပ်မံပြုလုပ်မှာပါ''ဟု အိန္ဒိယနိုင်ငံ Fortis ဆေးရုံကြီး၏ မြန်မာနိုင်ငံရုံးခွဲ မန်နေဂျာ ဒေါက်တာမေမြတ်ဇော်ကပြောသည်။ ထို့ပြင် ပြည်သူများအနေဖြင့် အိန္ဒိယနိုင်ငံရှိ Fortis ဆေးရုံကြီး၌ သွားရောက် ဆေးကုသမှုပြုလုပ်နိုင်ရန်လည်း ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 14 times Last modified on Monday, 11 September 2017 09:00