SJ WorldNews - шаблон joomla Авто

ဒိန်ချဉ်ကဲ့သို့ အချဉ်ဖောက်ထားသည့်အစားအစာများတွင် အာဟာရဓာတ်စုံလင်စွာပါဝင်

Saturday, 09 September 2017 09:56 font size decrease font size decrease font size increase font size increase font size

ဒိန်ချဉ်ကဲ့သို့  အချဉ်ဖောက်ထားသည့် အစားအစာများတွင် ပရိုတိန်းအပါအဝင် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသော အာဟာရဓာတ်များပါဝင်ကြောင်း ကျွမ်းကျင်ပညာရှင်များက တွေ့ရှိထားသည်။
ဒိန်ချဉ်ဆိုသည်မှာ အသက်အရွယ်မရွေး စားသုံးသင့်သည့် အာဟာရဓာတ်အပြည့်အဝ ပါဝင်သော နို့အခြေခံစားသောက်ကုန် ဖြစ်ကြောင်း၊ ၄င်းတွင် ပရိုတိန်း၊ ကယ်စီယမ်နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ကြောင်း၊ ဒိန်ချဉ်ကိုပုံမှန်စားသုံးပေးခြင်းဖြင့် ဖော့စဖောရပ်၊  ပိုတက်ဆီယမ်၊  ဗိုက်တာမင်ဘီ-၁၂၊ ရီဘိုဖလာဗင်၊ ဇင့်၊ အိုင်အိုဒင်းနှင့် ဗိုက်တာမင် ဘီ-၅တို့ သိသိသာသာ တိုးတက်လာမည်ဖြစ်ကြောင်း ဒေါက်တာနန်ဒန်ဂျိုရှီကပြောသည်။ ထို့ပြင် ဒိန်ချဉ်တွင်လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဗက်တီးရီးယားများပါဝင်ကြောင်း၊ ယင်းဗက်တီးရီးယားများသည် အစာချေဖျက်ခြင်းအတွက်သာမက အူလမ်းကြောင်းကျန်းမာရေးအတွက်ပါ အထောက်အကူပြုကြောင်း ၄င်းကဆက်လက် ပြောသည်။ အချဉ်ဖောက်ထားသော စားသောက်ကုန်များသည် ရှေ့တန်းခံတပ်တစ်ခုကဲ့သို့ဖြစ်ပြီး ဗိုက်တာမင်ဒီကဲ့သို့ အာဟာရချို့တဲ့မှုကိုတိုကဖျက်ရန်အတွက် အကျိုးရှိသောလက်နက်တစ်ခုဖြစ်ကြောင်း၊ ဒိန်ချဉ်ကိုစားသုံးသူများသည် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်၊ လုံလောက်သောအာဟာရဓာတ် နှင့် လူနေမှု ဘဝတို့ကိုရရှိနိုင်ကြောင်း ဒေါက်တာဂျိုရှီက ပြောထားသည်။ ဒိန်ချဉ်တွင်ပါဝင်သော  နို့တွင်းသကြားဓာတ်သည် ဗက်တီးရီးယားများကိုအချဉ် ဖောက်မှုကြောင့် လက်တစ်အက်စစ် အဖြစ် သို့ပြောင်းလဲသွားသည့်အတွက် နို့တွင်းသကြားဓာတ်ပါဝင်မှုကို အနည်းဆုံးဖြစ်သွား စေသည်။ ထို့ကြောင့် နို့တွင်းသကြားဓာတ်နှင့် ဓာတ်မတည့်သောသူများအတွက် ဒိန်ချဉ်သည်အကောင်းဆုံး အစားအစာဖြစ်သည့်အပြင် ခန္ဓာကိုယ်အလေးချိန်၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါနှင့်ကင်ဆာရောဂါ အများစုမှ ကာကွယ်နိုင်ကြောင်း ပညာရှင်များက သုတေသနပြု လေ့လာတွေ့ရှိထားသည်။

 

Read 28 times Last modified on Saturday, 09 September 2017 10:23