SJ WorldNews - шаблон joomla Авто

အာမခံအလုပ်သမားများကို အခမဲ့ဆေးကုသပေးမည်

Thursday, 09 August 2018 10:06 font size decrease font size decrease font size increase font size increase font size

ပခုက္ကူ  သြဂုတ် 

မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် လူမှုဖူလုံရေး ရုံးခွဲများတွင် အကျုံးဝင် မှတ်ပုံတင်ထားသော   အလုပ်ဌာနများမှ အာမခံ အလုပ်သမားများကို လုပ်ငန်းခွင် အရောက် အခမဲ့ဆေးကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မကွေး တိုင်းဒေသကြီး ချောက်မြို့နယ်တွင် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ ရေနံချောင်းမြို့နယ်တွင် သြဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိလည်းကောင်း   ကွင်းဆင်း ဆေးကုသ ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျောက်ခွက် - လက်ပံတို - သာကြီးတောင် ရေနံမြေ ပခုက္ကူမြို့ ရွိုင်ရယ်ကင်းလန်း-စက်မှုဇုန်- အရှေ့ချောက်ကန် အထည်စက်ရုံတို့၌ ဆေးဝါး ကုသမှုများ ဆက်လက် ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။          

 

 

 

Read 49 times Last modified on Thursday, 09 August 2018 10:07