SJ WorldNews - шаблон joomla Авто

ကျန်းမာရေး အာမခံသစ်တွင် အာမခံကြေးလျှော့ချရန် စီစဉ်

Wednesday, 11 July 2018 08:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁ဝ

လက်ရှိရေးဆွဲနေသော   ကျန်းမာရေး အာမခံအမျိုးအစားသစ်တွင်  အာမခံကြေးကို ငွေကျပ်ငါးထောင် အထိ လျှော့ချနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်း မှ သိရသည်။

ကျန်းမာရေးအာမခံကို ၂ဝ၁၅ ခုနှစ်က စတင်ဝန်ဆောင်မှု ပေးခဲ့သော်လည်း စိတ်ဝင်စားမှု နည်းပါးနေသဖြင့်   အာမခံသစ်တွင် အာမခံကြေးလျှော့ချရန်  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုရှိနေသည့် ကျန်းမာရေး အာမခံကြေးကို အသက်အရွယ်ပေါ် မူတည်၍ ငွေကျပ် ၅၅ဝဝဝ နှင့်  ငွေကျပ် ၄၄ဝဝဝ ဟူ၍    ခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။

ကျန်းမာရေး အာမခံသစ်တွင်  အခြေခံလူတန်းစားများ ဝယ်ယူနိုင်သည့် အမျိုးအစား၊ သက်ကြီးရွယ်အိုများ ထားရှိနိုင်သည့် အမျိုးအစား၊  လူငယ်များအတွက် ရည်ရွယ်သည့် အမျိုးအစားနှင့် အာမခံကြေးဈေးမြင့်သည့် အမျိုးအစားဟူ၍    အမျိုးအစားလေးမျိုး ပါဝင်ပြီး အာမခံကြေးမြင့်သည့် ကျန်းမာရေး အာမခံအမျိုးအစားတွင်    ပြည်ပသို့သွားရောက်၍ ဆေးခန်းပြသခွင့်များလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

အဆိုပါ   ကျန်းမာရေး အာမခံသစ်ကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကာ ယခင်က ကျန်းမာရေး အာမခံကို  အသက်  ၆၅  နှစ်အထိသာ ထားခွင့်ရှိသော်လည်း ယခုအာမခံသစ်တွင် အသက် ၇၅ နှစ်အထိ အာမခံထားရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအာမခံ ထားရှိခြင်းဖြင့် ဆေးရုံတက်ရောက် ကုသမှုများ ဖြစ်ပေါ်ပါက ကုန်ကျစရိတ်ကို    အတိုင်းအတာတစ်ခုအထိ သက်သာစေရန်  ရည်ရွယ်ထားခြင်းဖြစ်ပြီး ဆေးရုံတက်ရပါက တစ်ရက်လျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ရက်ပေါင်း ၆ဝ အထိ  အာမခံလျော်ကြေးငွေ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။  

Read 60 times Last modified on Wednesday, 11 July 2018 08:29