SJ WorldNews - шаблон joomla Авто

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့လူနာများကို ဆေးကုသပေးခြင်းနှင့် နေရပ် ပြန်ပို့ပေးခြင်းများ ဆောင်ရွက်ပေးနေ

Thursday, 14 June 2018 08:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၁၃

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့လူနာများကို နိုင်ငံတော်ဘတ်ဂျက်၊ စေတနာရှင်များ၏ အလှူငွေများဖြင့် ဆေးကုပေးခြင်းနှင့်   နေရပ်ပြန်ပို့ပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ထောက် ညွှန်ကြားရေးမှူး (ဆေးလူမှု) ဦးထွန်းလင်းထံမှ သိရသည်။

အဆိုပါဆေးရုံမှ ပိုင်ရှင်မဲ့ လူနာများသာမက ကျန်လူနာများကိုလည်း အခမဲ့ ဆေးကုသ ပေးနေပြီး တခြားလိုအပ်သော ဆေးဝါးများနှင့် ပံ့ပိုးကူညီမှုများအတွက် အလှူရှင်များ ရှာဖွေပေးလျက်ရှိသည်။  ပြင်ပ၌   ထွက်ရှိနေသော သတင်းများတွင်  ပိုင်ရှင်မဲ့လူနာများအား ဂရုစိုက်ခြင်းမရှိဟု ပါဝင်သဖြင့် ယင်းတို့သည် ကောလာဟလ များသာဖြစ်ပြီး အမှန် တကယ်တွင် စေတနာထား၍  ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

''ဆေးရုံကိုရောက်လာတဲ့  လူနာတော်တော်များများက ပိုင်ရှင်မဲ့၊ လိပ်စာမသိတာ များပါတယ်။ သူတို့ကို ဆေးကုသပေးတယ်။ နေရပ်ပြန်ပို့ဆောင်နိုင်ခြင်း မရှိရင်တော့ လူမှုရေး အဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး  သန်လျင်ဘက်က  တရားရိပ်သာတို့၊ နောက်ပြီး  ဂိလာနဘိုးဘွားရိပ်သာတို့ စတဲ့နေရာတွေကို ပို့ဆောင်ပေးရတာများပါတယ်။ တခြား ဘိုးဘွားရိပ်သာတွေက ကိုယ်တိုင်လမ်းလျှောက်နိုင်မှ   လက်ခံတာတွေရှိတယ်။ ဆေးကုသ ပေးပြီး မပို့ဆောင်နိုင်သေးတဲ့သူတွေကိုတော့ ဆေးရုံက တာဝန်ယူ ကျွေးမွေးထားရ တာတွေ ရှိပါတယ်'' ဟု ဦးထွန်းလင်းကပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လစဉ်ပိုင်ရှင်မဲ့လူနာ၊ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသော လူနာဦးရေ  ငါးဦးထက်မနည်း ရောက်လေ့ရှိပြီး အများစုသည် အသက် ၃ဝ မှ ၆ဝ အတွင်းဖြစ်သည်။ ယခု နှစ်အတွင်း   လက်ရှိအချိန်ထိ   ပိုင်ရှင်မဲ့ လူနာဦးရေ  ၁၇  ဦးရှိပြီး ဆေးကုသပေးကာ ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။                         

 

Read 81 times Last modified on Thursday, 14 June 2018 08:38