SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ ကျန်းမာရေး ထောက်ခံချက်မရှိဘဲ ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချခဲ့သည့် ကုမ္ပဏီတချို့ကို အရေးယူထား

Tuesday, 12 June 2018 08:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁၁

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၌ ကျန်းမာရေး ထောက်ခံချက် ရယူထားခြင်းမရှိသော ဖြည့်စွက်စာများကို ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့သည့် ရန်ကုန်မြို့ရှိ ကုမ္ပဏီတချို့မှ တာဝန်ရှိသူများအား အရေးယူထားကြောင်းFDA မှ သိရသည်။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး၌ ဆင့်ပွားစီးပွားရေး လုပ်ငန်းစနစ်ဖြင့် လုပ်ကိုင်နေသည့် မူရင်းကုမ္ပဏီ ၂၈ ခု၊ ဆင့်ပွားကုမ္ပဏီ ၁၃ ခုစုစုပေါင်း ကုမ္ပဏီ ၄၁ ခုနှင့် သက်ဆိုင်သည့် ကုမ္ပဏီမှတာဝန်ရှိသူများအား တွေ့ဆုံကာ စာရင်းဇယားများ၊ ဘဏ်ဝင်ငွေ၊ ထွက်ငွေများ၊ သွင်းကုန်လျှောက်ထားခြင်းနှင့် FDA ထောက်ခံချက်ရယူခြင်းများ၊ အခွန်ပေးအပ်မှုများအား စစ်ဆေးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲမှ တာဝန်ရှိသူများက ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကုမ္ပဏီမှ ရေးဆွဲတင်ပြလာသည့် စာရင်းဇယားများကို ဌာနဆိုင်ရာအတည်ပြုချက်၊ ပြန်ကြားချက်များကို တိုက်ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့စစ်ဆေးရာတွင် မြင့်မိုရ်ခွန်အား ကုမ္ပဏီလီမိတက်မှ Chlorophyll Powder ? Nature's T Infusion ၊ LGND Tea ၊ Enjuvenate Pina Colada ၊ CompoundRed Clover Capsule၊ Dally Produce-24 ၊ Bio-C ၊ Chiero Spirulina ၊ Core H Basics  Power Burn ၊ CollaFlex 30 MMR? Ubiquinol-CoQ10 ၊ Children's Formula ၊ Lifiber ၊ Hawaiian Noni Korea ESihf Blos Life C Plus ဖြည့်စွက်စာ ၁၆ မျိုး၊ World Class Innervation (Myanmar)ကုမ္ပဏီလီမိတက်မှ Aera ၊ Exfa Herb ၊ Cha Lemon ၊ Classic Coffee ၊ C-Vitt? Haper 7 ၊ Balancer ၊ Gin-X ၊ Sesamin-E ဖြည့်စွက်စာကိုးမျိုးတို့သည် FDA ထောက်ခံချက်ပြုလုပ် မထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် နှင်းမြန်မာအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်နှင့် The Wisdom Plus ကုမ္ပဏီလီမိတက်တို့မှ Active Kaneka QH၁ဝ ထုပ်ပါတစ်ဘူး၊ Gamma O စပါးစေ့ဆီ အလုံး၊ Fourrfill ၃ဝ ပါ တစ်ဘူး၊ Collagen 100000 mg ၊ Orange အဆီကျဓာတ်စာ အလုံး ၃ဝ ပါ တစ်ဘူး၊ X-10 ၃ဝ ထုပ်ပါ တစ်ဘူး၊ ဗိောအမျိုးသားအားဖြည့်ဓာတ်စာ Adam ၊ အမျိုးသမီး အားဖြည့်ဓာတ်စာ 230 ml Eve အဆီကျကော်ဖီ ၁၂ ထုပ်ပါ ပါကင်ထုပ်တစ်ထုပ် ဖြည့်စွက်စာကိုးမျိုးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့သော အဆိုပါကုမ္ပဏီများမှ တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Read 1457 times Last modified on Tuesday, 12 June 2018 08:51