SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း BPI အမှတ်တံဆိပ်ဖြင့် ငွေကျပ် ၅ဝ ဘီလီယံတန်ဖိုးရှိ ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်

Wednesday, 16 May 2018 09:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မေ   ၁၅

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း BPI  အမှတ်တံဆိပ်ဖြင့် တန်ဖိုး  ငွေကျပ် ၅ဝ ဘီလီယံရှိ ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း    မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)မှ BPI  ဆေးဝါးများကို GMP Guide Line နှင့်ညီစေရန် ခေတ်မီဆေးဝါး ထုတ်လုပ်မှု အဆောက်အအုံများ  တည်ထောင်ပြီး လျာထားချက်ထက် တိုးမြှင့်ထုတ်လုပ်လျက် ရှိသည်။

ထို့ပြင် ဆေးဝါးများကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အရောင်းကိုယ်စားလှယ် များထံသို့ ဖြန့်ဖြူးရောင်းချပေးနေပြီး City Mart ၊ Orange ၊ Capital Supermarket စသည့်    ဆိုင်ကြီးများတွင် ရောင်းချပေးလျက်ရှိကြောင်း၊ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  မြို့ကြီးများ၌လည်း ဆေးအရောင်းဆိုင်များ ဖွင့်လှစ်ကာ   ရောင်းချပေးလျက် ရှိကြောင်း  သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် BPI အမှတ်တံဆိပ် ဆေးဝါးများသည် အများပြည်သူ ယုံကြည်စိတ်ချစွာ အားပေးလျက်ရှိသဖြင့် အရည်အသွေး ဆက်လက်ထိန်းသိမ်း၍ GMP   Guide Line နှင့်အညီ ထုတ်လုပ်နိုင်ရေး ဈေးကွက် လိုအပ်ချက်ရှိသော ဆေးဝါးများကိုတိုးမြှင့်ထုတ်လုပ်ရန်ရှိကြောင်း၊  ဈေးကွက်အတွင်း  ဆေးဝါးများ ပြတ်လပ်မှု မရှိစေရန်   စီမံဆောင်ရွက်သွားနိုင်ရေး၊  နိုင်ငံတကာ အဆင့်မီစက်များဖြင့် စနစ်တကျ ကိုင်တွယ်နိုင်ရေးနှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး    ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

Read 110 times Last modified on Wednesday, 16 May 2018 09:03