SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေး ဟောပြော

Friday, 04 August 2017 10:42 font size decrease font size decrease font size increase font size increase font size

လေးမျက်နှာ  သြဂုတ် 

ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ယမန်နေ့ နံနက်၁ဝ နာရီက ကျင်းပသည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ဆရာဝန်ကြီး ဒေါက်တာဒေါ်စုစုလှိုင်က ကျန်းမာရေးနှင့် လက်ဆေးခြင်း၊ ရာသီတုပ်ကွေးရောဂါနှင့် H1N1 ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားခြင်းနှင့်  ကူးစက်နိုင်မှု အခြေအနေ၊ ကြိုတင် ကာကွယ်ရန် နည်းလမ်းများကို လည်းကောင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာမြတ်ကျော်ခိုင်က ကျောင်းသား၊ ကျောင်းသူများ၏ သွားကျန်းမာရေးဆိုင်ရာ ကာကွယ်ရေး နည်းလမ်းများ၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းရေး အတွက် သွားကျန်းမာရေး အရေးကြီးပုံနှင့် လိုက်နာရန် နည်းလမ်းများကို လည်းကောင်း ပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းအောင် က ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအသောက်များ စားသုံးနိုင်ရေးနှင့် ပတ်သက်သည့် အသိပညာများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်း များကို ပညာပေး ဆွေးနွေးဟောပြောကြောင်း သိရသည်။

Read 63 times Last modified on Friday, 04 August 2017 10:43