SJ WorldNews - шаблон joomla Авто

မုံရွာမြို့၌ အိမ်မွေးခွေးနှင့် ခွေးလေခွေးလွင့်များကို ခွေးရူးပြန် ကာကွယ်ဆေး ထိုးပေး

Tuesday, 13 March 2018 09:32 font size decrease font size decrease font size increase font size increase font size

မုံရွာ မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ယမန်နေ့က ခွေးလေခွေးလွင့်များနှင့် အိမ်မွေးခွေးများကို  ခွေးရူးပြန်ကာကွယ်ဆေး  အခမဲ့ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါခွေးရူးပြန် ကာကွယ်ဆေးကို မုံရွာမြို့မှ အလှူရှင်များက လှူဒါန်းခြင်း ဖြစ်ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ ဆရာဝန်များနှင့် ဝန်ထမ်းများက လုပ်အားဒါနအဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။

''ကာကွယ်ဆေးကို လမ်းဘေး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေနဲ့ အိမ်မှာ မွေးမြူထားတဲ့ခွေးတွေ  အပါအဝင်ကောင်ရေ ၁ဝဝ ကျော်ကို ထိုးပေးခဲ့တာပါ။

ခွေးရူးပြန်ကာကွယ်ဆေးဟာ ခွေးတစ်ကောင်ကို တစ်နှစ်တစ်ကြိမ် ထိုးပေးရတာဖြစ်ပြီး ဆေးတစ်လုံးကို ခွေးတစ်ကောင်နှုန်း ထိုးလို့ ရတဲ့ဆေးရှိသလို တစ်လုံးကို ၁ဝ ကောင်နှုန်း ထိုးလို့ရတဲ့ဆေးလည်း ရှိပါတယ်''ဟု မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဓာတ်ခွဲခန်း တာဝန်ခံအရာရှိ ဒေါက်တာဒေါ်ချစ်ချစ်ဝေက ပြောသည်။

မုံရွာမြို့၌ ဇန်နဝါရီ ၂ ရက်က လူ ၂ဝ ကျော် ခွေးရူး အကိုက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရကြောင်းနှင့် အဆိုပါခွေးရူးပြန် ကာကွယ်ဆေးကို မတ် ၁၃ ရက်အထိ    ထိုးနှံပေးမည် ဖြစ်ကြောင်း   သိရသည်။

Read 147 times Last modified on Tuesday, 13 March 2018 09:33