SJ WorldNews - шаблон joomla Авто

ကျန်းမာရေး အသိပညာပေး Mobile Application မိတ်ဆက်

Monday, 12 March 2018 12:14 font size decrease font size decrease font size increase font size increase font size

မန္တလေး  မတ်  ၁၁

ကျန်းမာရေးအသိပညာပေး Mobile Application  မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု ကော်မတီရုံးခန်းမ၌  ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီနာယက ဒေါက်တာ ယုယုမေက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဌာနမှူး ဒေါက်တာသန်းသန်းမြင့်က Mobile Application နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှု လေ့လာကြသည်။လူငယ်များ   အချင်းချင်း မှန်ကန်သော သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး၊ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး၊  ကျား၊ မရေးရာကွဲပြားခြားနားမှု၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ မိမိတို့လိုအပ်သည့် အချိန်တွင် လေ့လာခွင့်ရရှိစေရန် ရည်ရွယ်၍ မိတ်ဆက်ပွဲ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ Mobile Application တွင် အခန်း(၈)ခန်း ပါဝင်ပြီး ဆေးပညာရှင်များ၏ ဘာသာရပ်ဆိုင်ရာ အချက်အလက်များနှင့် လူငယ်များ၏ အကြံဉာဏ်များပါ ထည့်သွင်း၍ ပူးပေါင်းရေးဆွဲ ထားခြင်းဖြစ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီနာယက ဒေါက်တာယုယုမေ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ တိုင်းဒေသကြီး/  ခရိုင်/မြို့နယ်  ပြည်သူ့ ကျန်းမာရေး ဦးစီးမှူးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 

Read 156 times Last modified on Monday, 12 March 2018 12:16