SJ WorldNews - шаблон joomla Авто

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသပေး

Monday, 12 March 2018 10:13 font size decrease font size decrease font size increase font size increase font size

လားရှိုး  မတ်   ၁၁

ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍  သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁ဝ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့ ပြည်နယ်အမျိုးသမီးရေးရာ ရုံးခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။          

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင်  တောင်ကြီးမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာများမှ   အမျိုးသမီး  ၂ဝဝ ဦးကို  ပြည်နယ် သားဖွားမီးယပ်   အထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်နိုင် ဦးဆောင်၍  ဆရာ၊ ဆရာမများနှင့်   အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများ၊  အသိပညာပေး ဟောပြောခြင်း၊  စစ်တမ်းကောက်ယူခြင်းများနှင့်  ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့သားအိမ်ခေါင်းကင်ဆာ   အကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသပေးခြင်းကို ယမန်နေ့က တောင်ကြီးမြို့နယ်ရှိ ဒေသခံအမျိုးသမီးဦးရေ ၂ဝဝ ဝန်းကျင်အား(အခမဲ့) စမ်းသပ်ရှာဖွေ ကုသပေးပြီး  ယနေ့တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံအမျိုးသမီး ၁ဝဝ ဦးနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်မှ  ဒေသခံ အမျိုးသမီး  ၁ဝဝ ဦးတို့ကို သားအိမ်ခေါင်း ကင်ဆာ စမ်းသပ်ရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။

 အဆိုပါ သားအိမ်ခေါင်းကင်ဆာ အကြို အဆင့်စမ်းသပ် ရှာဖွေကုသပေးခြင်း ဆောင်ရွက်ရာတွင် တောင်ကြီးခရိုင်အတွင်းရှိ  မြို့နယ်များမှ   ဒေသခံအမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာနှင့်  ပတ်သက်၍ စမ်းသပ်ရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။ 

Read 125 times Last modified on Monday, 12 March 2018 10:14