SJ WorldNews - шаблон joomla Авто

နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေး

Monday, 05 March 2018 09:24 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  ဖေဖော်ဝါရီ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌   ယမန်နေ့ နံနက် ၉ နာရီက နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဆရာမဒေါ်နင်မိုင်က ဆေးထိုးဆေးတိုက်ရက်များတွင် ပျက်ကွက်မှုမရှိစေရေး အလေးထားပြီး လာရောက်ထိုးနှံခြင်းများ ဆောင်ရွက်သွားရန်နှင့် ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ကာကွယ်နိုင်သည့် ရောဂါများ အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေး ဆရာမဒေါ်နင်မိုင်၊ သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းနှင့် အဖွဲ့ဝင်များက နှစ်နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်တွယ်မှတ်တမ်းရေးသွင်းခြင်း၊ ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဘီစီဂျီအဆုတ်ရောဂါ ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ တိုက်ကျွေးဆေး၊ ဝက်သက်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးကာ မြေမြင့်ရပ်ကွက် အတွင်းရှိ ကလေးငယ် ၉၅ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၁၃ ဦးတို့ကို   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

Read 133 times Last modified on Monday, 05 March 2018 09:25