SJ WorldNews - шаблон joomla Авто

ဟော်မုန်းထွက်ရှိသည့် သားဆက်ခြား နည်းများက ရင်သား ကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေ

Saturday, 09 December 2017 09:01 font size decrease font size decrease font size increase font size increase font size

 

ဟော်မုန်းထွက်ရှိသည့် သန္ဓေတားဆေးများနှင့် သားဆက်ခြား ပစ္စည်းများက ဟော်မုန်း ပမာဏ အနည်းငယ်သာ ထုတ်ပေးသော်လည်း ရင်သားကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာ မြင့်တက်လာစေကြောင်း သုတေသန စာတမ်းကြီး တစ်စောင်တွင် ဖော်ပြထားသည်။

သုတေသန ပညာရှင်များသည် ဒိန်းမတ် အမျိုးသမီး ၁ ဒသမ ၈ သန်းကို ဆယ်စုနှစ် တစ်ခုကျော်ကြာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတွေ့ရှိမှုက မျိုးဆက် သစ်အမျိုးသမီးများ ယူဆထားသည့် ခေတ်သစ် သားဆက်ခြားနည်းများက ပိုမို ခေတ်မီ သည်ဟူသော ယူဆချက်ကို   ပြောင်းပြန်ဖြစ်သွား စေသည်။

ယခုခေတ် အမျိုးသမီးများသည် ဟော်မုန်း ထွက်ရှိသည့် သားဆက်ခြား နည်းအသစ်များ က ၄င်းတို့၏ မိခင် သို့မဟုတ် အဘွားတို့ သုံးစွဲခဲ့သည့် သားဆက်ခြားနည်းထက် ပိုမိုစိတ်ချ ရမှုရှိသည်ဟု ယူဆထားသည်။  အဘယ်ကြောင့်ဆိုသော် ယခင်က အမျိုးသမီးကြီး များအသုံးပြုသည့် သားဆက်ခြားနည်းများ က အီစထရိုဂျင် ဟော်မုန်း အမြောက်အမြား ထွက်ရှိခြင်းကြောင့် ဖြစ်သည်။

အဆိုပါ လေ့လာမှုအရ ဟော်မုန်းထွက်ရှိသည့် သားဆက်ခြားနည်း အသုံးပြုသူ အမျိုး သမီး အယောက်တစ်သိန်းတွင် ၆၈ ယောက်သည် နှစ်စဉ် ရင်သားကင်ဆာ ခံစားရလေ့ရှိ ပြီး ယင်း သားဆက်ခြားနည်း အသုံးမပြုသူ အယောက်တစ်သိန်းနှင့် နှိုင်းယှဉ်ပါက  ၁၃ ယောက် ပိုမိုဖြစ်ပွားသည်ကို တွေ့ရသည်။

ထို့ပြင် မျက်မှောက်ခေတ် သားဆက်ခြား နည်းများ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သော ပရိုဂျက်စတင် ဟော်မုန်းသည် ရင်သား ကင်ဆာဖြစ်ပွားမှုကို ပိုမိုမြင့်တက်စေခြင်းဖြစ် ကြောင်း သုတေသန ပညာရှင်များက ခန့်မှန်း ထားသည်။

ယခု လေ့လာမှုသည် အမျိုးသမီးထုကြီး အတွက် အရေးကြီးကြောင်း၊ ယခင် သားဆက် ခြားနည်းများနှင့် ယခုခေတ် သားဆက်ခြား နည်းများက ရင်သားကင်ဆာ ဖြစ်ပွားမှု မည်မျှ မြင့်တက်စေသည်ကို နှိုင်းယှဉ်သုံးသပ်ထား ခြင်းမရှိကြောင်း၊ I.U.D နှင့် ပတ်သက်၍ အမျိုးသမီးများက မည်သူမျှ အသေးစိတ် မသိရှိကြောင်း၊ ဟော်မုန်း အနည်းငယ်သာ အသုံးပြုခြင်းက ရင်သား ကင်ဆာဖြစ်ပွားမှုကို နည်းပါးစေသည်ဟု   မီးယပ် ပါရဂူများက ယခင်က ယူဆသော်လည်း   ယခုအခါ ထိုသို့ မဟုတ်တော့ကြောင်းနှင့် ယင်းဟော်မုန်းပါ သန္ဓေတားဆေးများကို အမျိုးသမီး သန်းပေါင်းများစွာ အသုံးပြုမည် ဆိုပါက ယင်း ပြဿနာသည် အမျိုးသမီးထု တစ်ရပ်လုံးနှင့် သက်ဆိုင်လာမည်ဖြစ်ကြောင်း ဒေါက်တာ မာရီဆာဝေ့က ဆိုသည်။

Ref: The New York Times

 

Read 165 times Last modified on Saturday, 09 December 2017 09:09