SJ WorldNews - шаблон joomla Авто

အညာဒေသ တောင်သူများ အနေဖြင့် ငရုတ်သီး ခူးဆွတ်သည့်အချိန် ဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေရရှိ

Wednesday, 11 October 2017 12:09 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူ လုပ်ကိုင်သူများသည် ယခုအခါ ငရုတ်သီးခူးဆွတ်သည့် အချိန် ဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေရရှိကြပြီး ယခင်နှစ်ကထက် ငရုတ်သီးဈေးနှုန်း ပိုရရှိပြီး လုပ်အားခလည်း ဈေးမြင့် လာကြောင်း ပင်းမြို့အုပ်စု လက်ခုပ္ပင်ကျေးရွာ တောင်သူဦးလှဝင်းထံမှ သိရသည်။

နတ်မောက်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်ကြားရှိ ထန်းပင်ကုန်းအုပ်စု၊ ပန်းတော်ကျင်း အုပ်စု၊ ပင်းမြို့အုပ်စု၊ ဝါပန် အုပ်စုနှင့် သရက်ချဉ်အုပ်စုရှိ ကျေးရွာများမှ တောင်သူလုပ်ကိုင်သူများသည် မိုးကောင်းရေသောက် ဆိုစကားအတိုင်း မိုးရေ ရလျှင်ရသလို စိုက်ပျိုးရေး ကောင်းမွန်သည်။ မိုးလေဝသကောင်းပါက ငရုတ်၊ ခရမ်းချဉ်၊ ဝါ၊ နှမ်း၊ စပါး၊ ပဲအမျိုးမျိုးနှင့် ထွက်ရှိသော ဒေသများဖြစ်သည်။ ၎င်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ရာသီအလိုက်ထွက်ရှိသော သီးနှံများအား ကိုယ်တိုင်မြို့ပေါ်သို့ သွားရောက်ရောင်းချခြင်း မရှိဘဲ သီးနှံပွဲစားများထံ ရောင်းချရကြောင်း မြို့ပေါ် ပေါက်ဈေးနှင့် ပွဲစားေ ကာက်ဈေး ကွာဟမှုများရှိသဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း သိရသည်။

''ဦးလေးတို့ဒေသက မိုးကောင်းရေသောက်ဆိုတော့ သီးနှံစိုက်ပျိုးရတာ မိုးလေဝသကောင်းမှ အောင်မြင်တာ။ ဒီနှစ်တော့ မိုးကသိပ်မဆိုးဘူး။ ရွာတယ်။ အခုလည်း ငရုတ်သီးတွေ ဆွတ်နေကြပြီ။ ဈေးနှုန်းကအရင်နှစ်နဲ့စာရင် ပိုရပါ တယ်။ လုပ်အားခကလည်း ဈေးမြင့်သွားတယ်။ ဦးလေးတို့ဆီမှာ သီးနှံ ပွဲစားတွေက လာဝယ်ကြတယ်။ မြို့နဲ့အလှမ်း ဝေးတော့ ပွဲစားတွေကိုပဲရောင်းရတာပေါ့။ မြို့ဈေးနဲ့စာရင် အကျိုးအမြတ်ရရှိမှုက နည်းတာပေါ့''ဟု တောင်သူတစ်ဦးက ပြောသည်။ အဆိုပါဒေသမှ ထွက်ရှိသော ငရုတ်သီးများသည် ယခင်နှစ်က အခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၂ဝဝ၊ အစိုတစ် ပိဿာလျှင် ငွေကျပ် ၆ဝဝ ရရှိပြီး ယခုနှစ်တွင် အခြောက် တစ်ပိဿာ ငွေကျပ် ၃ဝဝဝ၊ အစိုတစ် ပိဿာငွေကျပ် ၈ဝဝ ရရှိကြပြီး လုပ်အားခမှာ ယခင်နှစ်ထက် တစ်ဦးလျှင် ငွေကျပ် ၅ဝဝ၊ ၁ဝဝဝ ပိုပေးရကြောင်း သိရသည်။

Read 4 times Last modified on Friday, 13 October 2017 11:09