SJ WorldNews - шаблон joomla Авто

သတင်းစာနှင့် စက္ကူများမှ တန်ဖိုးမြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် အခမဲ့ သင်တန်း ပေးလျက်ရှိ

Wednesday, 11 October 2017 11:56 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းမှရရှိသည့် သတင်းစာနှင့် စက္ကူတို့ကို အခြေခံ၍ ထုတ်လုပ်ထားသော ကလေးကစားစရာ အရုပ်များကို ဂျပန်နိုင်ငံကဝယ်ယူရန် ကမ်းလှမ်းထားပြီး ထိုအရုပ်များကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပိုမိုထုတ်လုပ်နိုင်ရန် သင်တန်းများ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် အဆိုပါအသင်းမှ သင်တန်းသားများ မွေးထုတ်ပေးနေသည့်အပြင် သင်တန်းသားများ ပြုလုပ်သောပစ္စည်း များကိုလည်း ဈေးနှုန်းတစ်ခုသတ်မှတ်ကာ ဝယ်ယူလျက်ရှိသည်။ သတင်းစာနှင့် စက္ကူများမှတစ်ဆင့် အရုပ်ပြုလုပ်ရန် လက်ရာအရည်အသွေးနှင့် ဓာတုပစ္စည်း ကင်းစင်စေရေး သင်ကြားေ ပးနေပြီး မှာယူသောနိုင်ငံများ၏ လိုအပ်သည့် အရွယ်အစားများအလိုက် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ''သတင်းစာ၊ စက္ကူစတာတွေကနေ ပန်းအိုး၊ သစ်သီးထည့်ခွက်၊ ပစ်တိုင်းထောင်နဲ့ ဖိုးဝရုပ် စတဲ့အသုံးအဆောင် ပစ္စည်းတွေအပြင် ကလေးက စားစရာအရုပ်တွေကို ထုတ်လုပ်နေပြီး မှာယူတဲ့နိုင်ငံက သတ်မှတ်ထားတဲ့ အရည်အ သွေးအတိုင်း ထုတ်လုပ်နိုင်ဖို့ အခမဲ့ သင်ကြားပေးပါတယ်။ စိတ်ဝင်စားသူ ဘယ်သူမဆို တက်ရောက်လေ့လာ နိုင်ပါတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။

Read 24 times Last modified on Wednesday, 11 October 2017 12:09