SJ WorldNews - шаблон joomla Авто

ပျားရည်ဈေးနှုန်း နည်းသော်လည်း အလုပ်သမား ငှားရမ်းခ ဈေးမြင့်တက်

Wednesday, 11 October 2017 11:42 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ယခုနှစ်ဆီးပန်းပွင့်ရာသီ ပျားရည်ထုတ်လုပ်ရေး လုပ်ငန်းများ၌ ပျားရည်ဈေး နှုန်းကျသော်လည်း လုပ်သားငှားရမ်းခသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း ပျားမွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ဆီးပျားရည်ထုတ် ရာသီတွင် ပျားရည်တစ်ပီပါ ဈေးနှုန်းသည် ငွေကျပ် ၃၆ဝဝဝဝ ခန့်ဖြင့် ဈေးနှုန်းစတင်ဖွင့်လှစ် လျက်ရှိရာ ရရှိသည့် ဈေးနှုန်းနည်းသော်လည်း အလုပ်သမား ငှားရမ်းခဈေးနှုန်းများ မြင့်တက်လျက်ရှိသဖြင့် လုပ်ငန်း ရှင်များ အနေဖြင့် အကျိုးအမြတ် ရရှိမှု နည်းပါးလျက်ရှိသည်။ ''အလုပ်သမားခ၊ သယ်ယူရွှေ့ပြောင်းစရိတ်၊ ပျားအုံ တွေကို ပြုစုရတဲ့စရိတ်၊ ပျားတွေမှာ ဖြစ်တတ်တဲ့ရောဂါတွေရှိတဲ့အတွက် သူတို့ကိုလည်း ရောဂါကုပေးရတယ်။ သူတို့ ရဲ့ဖယောင်းတွေ အစားထိုးပေးရတယ်။ အကုန်လုံး ကုန်ကျစရိတ်တွေ ရှိတဲ့အတွက် တွက်ချက်ကြည့်တဲ့အခါမှာ ပျား ရည်တစ်ပိဿာကို ကုန်ကျစရိတ်က ငွေကျပ် ၁၆ဝဝ လောက်အနည်းဆုံး ကုန်ကျတယ်။ ဒီပျားအုံတွေက ချထားရုံနဲ့ မရဘူး။ တစ်ပတ်တစ်ခါစစ်ဆေးပေးရတယ်။ အစာတို့၊ သားလောင်းတို့ အကုန်လုံး ချိန်းပေးရတယ်။ အဲဒီအတွက် အလုပ်သမားလိုတယ်။ ဒီနှစ်မှာတော့ကားခ ပိုပေးရတယ်။ လုပ်သားခလည်း ဈေးတက်တယ်။ မနှစ်ကအရွှေ့မှာ ကား တစ်စီးကို ရှမ်းပြည်ကနေ ငွေကျပ်လေးသိန်း၊ ဒီနှစ်ဆိုရင် လေးသိန်းခွဲပေးရတယ်။ ဒီကနေဟိုကို ပြန်ရွှေ့မယ်ဆိုရင် လည်း နှစ်သိန်းခွဲကနေ သုံးသိန်း ပြန်ဖြစ်သွားတယ်။

ကားခတွေလည်း ဈေးတက်ပါတယ်။ ပျားရည်ဈေးနှုန်းကတော့ မနှစ်ကထက် တစ်ပိဿာကို နှစ်ရာကျပ်ပဲ ဈေးတက် တယ်။ အဲဒါကြောင့် အကျိုးအမြတ် သိပ်ပြီးမရှိပါဘူး'' ဟု ပျားလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်မြင့်ဦးက ပြောသည်။ ဆီးပျားရည်ထုတ်ရာသီတွင် လာရောက်လုပ်ကိုင်ကြသော ပျားမွေးမြူရေး လုပ်ငန်းများကြောင့် ပျားမွေးမြူရေး လုပ်ငန်းတွင် ငှားရမ်းအသုံးပြုခံရသူ ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင် များရရှိလျက်ရှိပြီး ပျားမွေးမြူရေး ရာသီတစ်ခုလုံးတွင် ပုံမှန်ဝင်ငွေများ ရရှိကြသည်။

''ပျားပုံး ထောင်ချီရှိတဲ့သူတွေက တစ်နေကုန်နေ့တွက်ခကို အမျိုးသမီးတွေဆို တစ်ရက်ကိုငွေကျပ် ၄၅ဝဝ၊ အမျိုး သားတွေဆို တစ်ရက် ငွေကျပ် ၅ဝဝဝ ပေးရတယ်။ မနှစ်ကတော့ တစ်ရက်ကိုငှားရမ်းခ အမျိုးသမီးတွေက ငွေကျပ် ၃၅ဝဝ ပေးရတယ်။ အမျိုးသားတွေက ငွေကျပ် ၄ဝဝဝ ပေးရတယ်။ အခုနှ စ်မှာတော့ လုပ်သားငှားရမ်းခက ငွေကျပ် ၁ဝဝဝ နှုန်းလောက် ဈေးမြင့်တက်သွားတယ်။ လုပ်ငန်းခွင်ကို စရောက်ပြီး ပျားပုံးတွေချတဲ့ အချိန်ကနေ နောက်ဆုံး ပြန်ထွက်ဖို့ ပျားပုံးတွေပြန်တင်တဲ့ အချိန်အထိ အလုပ်သမားတွေက ဝင်ငွေရတယ်''ဟုချောင်းမကျေးရွာတွင် ပျား မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးညွန့်ဝင်းက ပြောသည်။ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် ပျားလုပ် ငန်းရှင် များက နှစ်စဉ်ဆီးသီး စိုက်ခင်းများ၌ ပျားရည်ထုတ်လုပ်ငန်းများကို လာရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Read 32 times Last modified on Wednesday, 11 October 2017 11:55