SJ WorldNews - шаблон joomla Авто

ပြည်ပ ဝယ်ယူမှု ရပ်တန့်သွားသည့် ပဲစင်းငုံ အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေ

Wednesday, 11 October 2017 09:07 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံတွင် ပြည်ပဝယ်ယူမှု ရပ်တန့်သွားသည့် ပဲစင်းငုံဈေးနှုန်းသည် အောက်တိုဘာလ အတွင်းအနိမ့်ဆုံးဈေးသို့ ကျဆင်းနေပြီး အရောင်းအဝယ်အေးကာ သိုလှောင်ထားရန် ဝယ်ယူခြင်းများသာ ရှိနေကြောင်း မန္တလေးကုန်စည်ဒိုင် အသင်းမှ သိရသည်။

''အခုဈေးကွက်က ဘယ်လောက်ထိ ကျသွားလဲဆိုတော့ သုံးတင်းတစ်အိတ်ကို ငွေကျပ် ၃၆ဝဝဝ အထိကျသွားတာ။ ဒီလိုဈေးနှုန်းကို တစ်ခါမှမကြုံဖူးဘူး။ ဒါက ၁ဝ စုနှစ်အတွင်းမှာ အဆိုးဆုံးပဲ။ ဒီထက် ထပ်ကျစရာဈေးကို မရှိတော့ဘူး။ အခုဖြစ်နေတဲ့ဈေးကွက်က ပြည်ပပို့နေရလို့ ဝယ်နေကြတာ မဟုတ် ဘူး။ ဈေးကအနိမ့်ဆုံးအထိ ဖြစ်နေလို့ ဝယ်လှောင် နေကြတာ။ အခြားဈေးကွက်ကမရှိဘူး''ဟု မန္တလေးကုန်စည်ဒိုင် အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင် ကပြောသည်။ ပဲစင်းငုံဈေးသည် ၂ဝ၁၆ ခုနှစ်အတွင်း အမြင့်ဆုံးဈေးအဖြစ် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅ဝဝဝဝ ထိဈေးေ ပါက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈ဝဝဝဝ မှ လက်ရှိတွင် ငွေကျပ် ၃၆ဝဝဝ သာ ဈေးပေါက်လျက်ရှိကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွင်း ပဲစင်းငုံစိုက်ဧက ၁၅ သိန်းခန့်ရှိကြောင်း သိရသည်။

Read 35 times Last modified on Wednesday, 11 October 2017 09:09