SJ WorldNews - шаблон joomla Авто

ကျေးရွာအခြေပြုခရီးသွား လုပ်ငန်းများ အောင်မြင်မှုများရရှိ၍ တိုးချဲ့ ဆောင်ရွက်လျက်ရှိ

Friday, 12 January 2018 12:22 font size decrease font size decrease font size increase font size increase font size

ရွာငံ  ဇန်နဝါရီ   ၁၁

ကျေးရွာအခြေပြု ခရီးသွား လုပ်ငန်းများ လုပ်ဆောင်ရာတွင် အောင်မြင်မှုများရရှိ၍ ထပ်မံတိုးချဲ့ရန် ဆောင်ရွက်လျက် ရှိကြောင်း ဓနုဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးဝဏ္ဏသိန်းထံမှ သိရသည်။

အဆိုပါအစီအစဉ်ကို ပြီးခဲ့သည့်  ခရီးသွားရာသီတွင် ကျေးရွာလေးရွာ၌ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဆက်လက် အကောင် အထည်ဖော်မည့် အစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြ ထားကြောင်း သိရသည်။

''ဒီစနစ်အောင်မြင်ဖို့ဆိုတာက ဒေသခံ တွေရဲ့စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။ ရေရှည်အောင်မြင် ဖို့ဆိုတာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအနေနဲ့လည်း အဲဒီဒေသတွေကို သွား တဲ့အခါ ဘာကိုမလုပ်ရဘူး၊ ဘယ်လိုနေရ မယ်ဆိုတာ လိုက်နာဖို့အရေးကြီးသလို ဒေသခံတွေ အနေနဲ့လည်း ဝန်ဆောင်မှု ပေးတာတွေကအစ စနစ်တကျနဲ့ စည်းကမ်းတကျ ဖြစ်အောင်  လုပ်ဆောင်ဖို့လိုပါတယ်'' ဟု ဦးဝဏ္ဏသိန်းက ပြောသည်။

ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသော ကျေးရွာလေးရွာမှာ ရွာငံမြို့နယ် အတွင်းမှ ယဇဂျီ ကျေးရွာနှင့် တောင်မြင့်ကြီးကျေးရွာဖြစ်ပြီး ပင်းတယမြို့နယ်အတွင်းမှ ရှေးကြာအင်းကျေးရွာနှင့် ပင် စိမ်းပင် ကျေးရွာတို့ဖြစ်သည်။

''ဒီလိုဖော်ဆောင်ထားတယ်ဆိုတာကလည်း   ဒေသခံတွေနဲ့  ဒေသဖွံ့ဖြိုးရေးကို ဦးတည်ပါတယ်။  ဒီရွာတွေက ခရီးသွား လုပ်ငန်းဖွံ့ဖြိုးဖို့  ရေမြေတောတောင်တွေကအစ ဆွဲဆောင်မှုရှိတဲ့ သဘာဝရဲ့အခြေအနေ ကောင်းကို ပိုင်ဆိုင် ထားပေမယ့် ခရီးသွား လုပ်ငန်းရဲ့ အကျိုးကျေးဇူးကို မခံစားရတာ ကြောင့် အခုလိုဖော်ဆောင်တာကနေ အကျိုး ကျေးဇူးအများကြီးရရှိစေမှာပါ''ဟု ဦးဝဏ္ဏ သိန်းကပြောသည်။

ဆက်လက်ဖော်ဆောင်မည့် ကျေးရွာများမှာ အဆိုပါမြို့နယ်နှစ်ခု အတွင်းမှဖြစ်ပြီး ယခုအခါ ကွင်းဆင်းလေ့ လာမှု များ ပြုလုပ်၍ လိုအပ်သော   အသေးစိတ် အစီအစဉ်များကို လည်းကောင်း၊ ဒေသခံများ၏ ဝန်ဆောင်မှု ဆိုင်ရာ အသိပညာများ  ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း၊ ကျေးလက်ဒေသခံ များကိုလည်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည့် အသိပညာများပေးခြင်း၊  ဟိုတယ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို လည်းကောင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။         

ထက်ခိုင်(စမ်းချောင်း)

Read 130 times Last modified on Friday, 12 January 2018 12:23