SJ WorldNews - шаблон joomla Авто

ပြောင်းဖူးအထွက်နှုန်း လျော့ကျလာခြင်းကြောင့် စိုက်ပျိုးသူ နည်းလာ

Thursday, 11 January 2018 09:35 font size decrease font size decrease font size increase font size increase font size

တနင်္သာရီ ဇန်နဝါရီ ၁ဝ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများရှိဖူးစားပြောင်း စိုက်ပျိုးသူများသည် ယခုနှစ် အတွင်း ပြောင်းဖူး အထွက်နှုန်းလျော့နည်း လာသောကြောင့် စိုက်ပျိုး သူနည်းလာကြောင်းပြောင်းဖူးစိုက်တောင်သူများထံမှ သိရသည်။

အရင်နှစ်တွေက ကျွန်မတို့ရွာမှာ တစ်ရွာလုံးလိုလို ပြောင်းဖူးများ စိုက်ပျိုးကြတယ်။ယခုနှစ်မှာ ပြောင်း ခင်းတွေ မြေဆီလွှာပျက်စီးသွားတော့ ပြောင်းဖူးတွေက အထွက်နှုန်း ကျဆင်းသွားတယ်။ ပြောင်းဖူးဈေးကတော့မနှစ်ကဈေးအတိုင်း အသေးတစ်ဖူးကိုငွေကျပ်၁ဝဝ နှင့် အကြီး တစ်ဖူး ကို ငွေကျပ် ၂၅ဝအထိရပါတယ်''ဟု တကူကျေးရွာနေ ပြောင်းဖူး စိုက်တောင် သူတစ် ဦးက ပြောသည်။

တနင်္သာရီမြို့နယ် မြစ်ရိုးတစ်လျှောက်ရှိကျေးရွာများ၌ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖူးစား ပြောင်း များကို စီးပွားဖြစ်စိုက်ပျိုးသူများပြားပြီး ယခုနှစ်တွင် မြေဆီလွှာခန်းခြောက် ခြင်း၊ ပိုးကျခြင်း တို့ကြောင့် ပြောင်းဖူးပင်များစိုက်ပျိုးသော်လည်း သီးနှံထွက်နှုန်းလျော့ကျ လာသည့် အတွက် ပြောင်းဖူးစိုက်ပျိုးသူနည်းလာခြင်းဖြစ်ကြောင်း သိရသည်

Read 11 times Last modified on Thursday, 11 January 2018 09:40