SJ WorldNews - шаблон joomla Авто

ခရမ်းမည်းသီးများဈေးကောင်းရရှိ၍ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

Thursday, 11 January 2018 09:30 font size decrease font size decrease font size increase font size increase font size

မြိတ် ဇန်နဝါရီ ၁ဝ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိကျေးရွာများ၌ စိုက်ပျိုးရောင်းချလျက်ရှိသော ခရမ်းမည်းသီးများ ယခုအခါ ဈေးကောင်းရရှိနေ၍ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ လျက် ရှိကြောင်း ခရမ်းမည်းသီးစိုက်ပျိုးသူများထံမှ သိရသည်။

မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် ခရမ်းမည်းပင်များကို နွေ၊ မိုး၊ ဆောင်းရာသီ မရွေးကျင်း တင်စိုက် ပျိုးလေ့ရှိကြသည်။ ခရမ်းမည်းပင်များကို အစေ့ချစစိုက်သည့်နေ့မှ ရက်ပေါင်း၄၅ ရက်ကျော်တွင် အဖူးပွင့်ကာ အသီးများစပေါ်ချိန်မှ ခရမ်းမည်းပင် သက်တမ်း သုံးလ ကျော်ကာ လအတွင်း အသုတ်လိုက် ခရမ်းမည်းသီးများ ခူးယူရောင်းချနိုင်သည်။

ယခင်လက ခရမ်းမည်းသီးဈေးနှုန်းမှာအလုံးအကြီးအသေးအလိုက် ငွေကျပ် ၁ဝဝ မှ၁၅ဝ အထိသာရရှိရာမှ ယခုလက်ရှိ ခရမ်းမည်းသီးတစ်လုံးလျှင် အလုံးအရွယ်အစား အကြီး အသေး အလိုက် ငွေကျပ် ၂ဝဝ မှ ၃ဝဝနှင့် နှစ်လုံးတွဲအစည်းတစ်စည်းလျှင် ငွေကျပ်၅ဝဝ အထိ ရရှိသည်။

မြိတ်မြို့ နယ်၌ ခရမ်းမည်းသီးပင်များကိုပင်းအို၊ လက်ခုတ်တောင်၊ သဘွတ်၊ လော့လော့၊ အလယ် ချောင်း စသည့်ကျေးရွာများနှင့်မြိတ်မြို့ ချောင်းဖျားပိုင်းကျေး ရွာဒေသ အချို့တွင် သာ စိုက်ပျိုး သူများကိုတွေ့ရှိရပြီးဝယ်လက်များနှင့် ဖောက်သည်များမှ တစ်ဆင့်မြို့ပေါ်ဈေးနှင့် ကုန်စိမ်း ဈေးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Read 70 times Last modified on Thursday, 11 January 2018 09:37