SJ WorldNews - шаблон joomla Авто

ရန်ကုန် သြဂုတ် ၂၂

၂ဝ၁၈ ခုနှစ်မှစ၍ ဝါးမှထွက်ရှိသည့် တန်ဖိုးမြင့် ထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်သို့ စတင်ထုတ်လုပ် ဖြန့်ချိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းထံမှ သိရသည်။

မြိုင် သြဂုတ် ၂၂

သနပ်ခါး ဈေးနှုန်းများ ယခင်ကထက် ထက်ဝက်ခန့် ကျဆင်းလာပြီး ဝယ်လိုအား နည်းပါးလာသောကြောင့် တောင်သူများ တွက်ခြေ မကိုက်ဖြစ်လာကာ စိုက်ခင်းသစ်များ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း မကွေးတိုင်း ဒေသကြီး မြိုင်မြို့ နယ်ရှိ သနပ်ခါး ခြံပိုင်ရှင်များ ထံမှ သိရသည်။

ဖျာပုံ  သြဂုတ်  ၂၂

မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသည့် ငါးမုတ်ငါးကို  ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်၊ စင်ကာပူ၊ အိန္ဒိယနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သို့ တင်ပို့ရောင်းချပြီး အဆိုပါပြည်ပနိုင်ငံများမှ ဝယ်လိုအား မြင့်တက်နေသည့် အတွက် ယခင်နှစ်များထက် ဈေးကောင်း ရရှိနေကြောင်း ဖျာပုံရေလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၂

မြန်မာနိုင်ငံမှ ထွက်ရှိသည့် နှမ်းမျိုးစုံကို ဓာတ်ကြွင်းကင်းစင်ပါက ဂျပန်နိုင်ငံမှ တန်ချိန်  ကန့်သတ်ချက်မရှိ ဝယ်ယူမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းထံမှ သိရသည်။

လားရှိုး  သြဂုတ်   ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့ ဆိုင်ကယ်ပွဲစားတန်း၌ တရုတ်နိုင်ငံထုတ် MSX ဆိုင်ကယ်အမျိုးအစားများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်  သြဂုတ်  ၂ဝ   

ဇူလိုင်လကုန်မှစ၍ မြင့်တက်လာသည့် ငါးဈေးနှုန်းကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များသည် ငါးကန်များဖော်ပြီး ရောင်းချနေကြရာ ပြည်ပသို့တင်ပို့သည့် မြန်မာ့ငါးမြစ်ချင်းမှာ Export အရွယ်အစား ရှားပါးလာပြီး တင်ပို့မှုနှုန်းပါ လျော့ကျလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  Next 
  •  End 
Page 1 of 4