SJ WorldNews - шаблон joomla Авто

အမျိုးသားနေ့ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲနှင့် ခေတ်ပေါ် တေးဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

Saturday, 11 November 2017 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    နိုဝင်ဘာ    ၁ဝ

အမျိုးသားနေ့ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲနှင့် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် တိုင်းဧရာ(အားကစားခန်းမ)၌ ကျင်းပမည်ဖြစ်ရာ နိုဝင်ဘာ ၁၁ ရက်တွင် ပြိုင်ပွဲဝင်များမှ ၃ဝ ဦးကို တီးဝိုင်းမဲ့အသံစစ်ဆေးခြင်း၊  ၁၂ ရက်တွင် ပြိုင်ပွဲဝင် ၃ဝ ဦးမှ ၁ဝ ဦးကို တီးဝိုင်းဖြင့် အသံစစ်ဆေးခြင်း၊ ၁၃ ရက်တွင် ပြိုင်ပွဲဝင် ၁ဝ ဦး၏ သီချင်းဆိုပြိုင်ပွဲနှင့် တေးသံရှင် စိုးပိုင်၊ ဘိုဘိုဟန်၊ ခင်မောင်ထူး၊ သန်းမြတ်စိုး၊ ကော်နီနှင့် ရတနာမိုင်တို့က သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဦးသိန်းဟန် (ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဖျော်ဖြေရေးကော်မတီ) ဖုန်း-ဝ၉-၂၅ဝဝ၄၉၄၆၂၊ ဝ၉-၇၇၅၅၁၉၅၅၅၊ ဦးဝင်းနိုင်(ဥက္ကဋ္ဌ)  (မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ ကျိုက်လတ်မြို့နယ်)ဖုန်း-ဝ၉-၇၉၅၃၅၁၇ဝ၁ နှင့် ဦးမျိုးဝင်းနိုင်  ဖုန်း-ဝ၉-၂၅၂၁၅၄၂၇၄ သို့ ဆက်သွယ်နိုင်ကြောင်း မိဘပြည်သူများအား အသိပေး အကြောင်းကြားအပ်ပါသည်။ 

Read 6 times Last modified on Saturday, 11 November 2017 09:27