SJ WorldNews - шаблон joomla Авто

တေးသံရှင် မာရဇ္ဇ၏ Break Through Birthday Show ရန်ကုန်မြို့၌ ကျင်းပမည်

Wednesday, 11 October 2017 11:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁ဝ

တေးသံရှင်မာရဇ္ဇ၏ Break Through Birthday Show ကို အောက်တိုဘာ ၂ဝ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

''မနှစ်က လုပ်ခဲ့တဲ့ပွဲကို သိပ်အားမရလို့ အခုပွဲကို ထပ်လုပ်ဖြစ်တာပါ။ ကျွန်တော့် တစ်ကိုယ်တော် ရှိုးအဖြစ်မဟုတ်ဘဲ Break Through Band ရဲ့ One Band Show လို့   ပြောလို့ရပါတယ်။ ကမ္ဘာပေါ်မှာ အဆိုတော်တိုင်းက ကိုယ့် Band နဲ့ ကိုယ်ရှိကြတယ်။ ကျွန်တော် ဒီမှာဆိုမယ့် သီချင်းတွေကတော့ ပရိသတ် ရင်ထဲရှိခဲ့တဲ့ သီချင်းတွေ အများကြီး ပါပါတယ်'' ဟု တေးသံရှင် မာရဇ္ဇက ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ Orchid Hotel ၌ Show ပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်း မိတ်ဆက်ပွဲ၌ ပြောသည်။ အဆိုပါ Show ပွဲ၌ တစ်ချိန်တစ်ခါက ပရိသတ်များ ကြားထဲတွင် အောင်မြင်မှု ရရှိခဲ့သည့် သူ၏တေးသီချင်း စုစုပေါင်း အပုဒ် ၃ဝ ကို သီဆို ဖျော်ဖြေပေးမည် ဖြစ်ကြောင်း သိရသည်။ လက်မှတ် ဈေးနှုန်း အနေဖြင့် ငွေကျပ် တစ်သောင်းသတ်မှတ်ထားပြီး ဝယ်ယူသူတိုင်း အတွက် အချိန်အခါ Audio တေးစီးရီးကို လက်မှတ်ဝယ်သည့် ရက်တွင် အမှတ်တရ လက်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

Read 44 times Last modified on Wednesday, 11 October 2017 11:50