SJ WorldNews - шаблон joomla Авто

Rock အဆိုတော် အငဲ၏သမီး လမင်းခ၏ ပထမဆုံး တေးစီးရီး မကြာမီ ဖြန့်ချိမည်

Wednesday, 11 October 2017 11:49 font size decrease font size decrease font size increase font size increase font size

နိုင်ငံကျော် Rock အဆိုတော် အငဲ၏သမီး တေးသံရှင်လမင်းခ၏ ပထမဆုံး တေးစီးရီးကို အောက်တိုဘာ ၁၉ ရက်တွင် စတင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တေးစီးရီးကို ကူး..ကူ ဟု အမည်ပေးထားပြီး ဖခင်ဖြစ်သူ အငဲကိုယ်တိုင်   သီချင်းခြောက်ပုဒ် ပါဝင်ရေးသား ပေးထားသည်။ ''ကျောင်းတုန်းကတော့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ငယ်ငယ် ကတည်းက သီချင်းဆိုတာ ဝါသနာပါတာ။ ကျောင်းပြီးသွားတော့ အခွေထုတ်ဖို့ စီစဉ်ခဲ့တာပါ။ အဖေက ပံ့ပိုးပေးနေတော့ အဆင်ပြေပါတယ်။ အဖေက အောင်မြင်နေတဲ့အတွက် လမင်းအဖို့ တာဝန်လည်း အရမ်းကြီးပါတယ်။ ဒီအခွေလေးက လမင်းရဲ့ ပထမဆုံး တေးအယ်လ်ဘမ်ပါ။ အဖေ့လိုတော့ Rock အပြင်းစားတွေဆိုဖို့ လမင်းအသံနဲ့ အဆင်မပြေဘူး။ Country Rock နှင့် Slow Rock လေးတွေပဲ ဆိုထားပါတယ်'' ဟု လမင်းခကပြောသည်။ ယင်းတေးအယ်လ်ဘမ်ကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ပြီး တေးသီချင်းများကို အငဲအပြင် ရွှေဂျော်ဂျော်၊ နိုင်းနိုင်နှင့် ဇဝါတို့က ရေးဖွဲ့ပေးထားသည်။ အဆိုပါ တေးအယ်လ်ဘမ်တွင် တေးသီချင်း ၁၂ ပုဒ်ပါဝင်ပြီး ဖခင်ဖြစ်သူ အဆိုတော် အငဲနဲ့အတူ သီဆိုထားသည့် တေးသီချင်း တစ်ပုဒ်ကိုပါ ထည့်သွင်း ပေးထားကြောင်း သိရသည်။

Read 33 times Last modified on Wednesday, 11 October 2017 11:49