SJ WorldNews - шаблон joomla Авто

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက် အပြင်ပိုင်း ပြင်ဆင်မှု ဆောင်ရွက်လျက်ရှိ

Wednesday, 11 October 2017 11:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁ဝ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဝင်းအတွင်း တည်ဆောက်ထားသော မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်၌ အပြင်ပိုင်း ကြံ့ခိုင်မှုများကို ပြင်ဆင်ဆောင်ရွက်လျက် ရှိရာ မကြာမီ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး စတင် ဖွင့်လှစ်သည့် အချိန်မှစ၍ ၂ဝ၁၆ ခုနှစ်အထိ အကြီးစား ပြင်ဆင်မှု ပြုလုပ်ခဲ့ဖူးခြင်း မရှိဘဲ  ယခု  ပထမဆုံးအကြိမ် အကြီးစား ပြင်ဆင်ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အဆောက်အအုံ အပြင်ပိုင်း ကြံ့ခိုင်မှုကို စတင်ဆောင်ရွက် လျက်ရှိပြီး အမိုးသွပ်ပြားများ လဲခြင်း၊ နံရံအကာများ ပြုပြင်ဖာထေးခြင်းနှင့်  အဆောက်အအုံ ဆေးသုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ ယခုအခါ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်၍ မကြာမီ အပြီးသတ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် အဆောက်အအုံ အတွင်းပိုင်း ပြုပြင်မွမ်းမံခြင်း၊ အခန်းများ ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် တခြားလိုအပ်သော ပြုပြင်မှုများကိုပါ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့  မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်အား အကြီးစား ပြုပြင်ခြင်းအတွက် ကုန်ကျစရိတ်ကို ခေတ်အဆက်ဆက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌများ လက်ထက်က ရှာဖွေ စုဆောင်းထားသော ရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲခြင်း ဖြစ်ပြီး ငွေကျပ် သိန်း ၁၅ဝဝ ခန့် ကုန်ကျ မည်ဟု ခန့်မှန်းထားကာ လက်ရှိတွင် ငွေကျပ်သိန်း ၇ဝဝ ကျော်အထိ ကုန်ကျထားပြီး ဖြစ်ကြောင်း သိရသည်။

Read 30 times Last modified on Wednesday, 11 October 2017 11:48