SJ WorldNews - шаблон joomla Авто

ဒီဇင်ဘာလအတွင်း Live ဖျော်ဖြေမှုများ လုပ်ဆောင်မည့် တေးလာဆွစ်ဖ်

Tuesday, 10 October 2017 10:34 font size decrease font size decrease font size increase font size increase font size

လော့အိန်ဂျလိ  အောက်တိုဘာ 

ခြောက်ခုမြောက်တေးအယ်လ်ဘမ် ထုတ်ဝေပြီးနောက် အနုပညာလုပ်ငန်းများနှင့် အလုပ်များနေသည့် တေးလာဆွစ်ဖ်သည် ရှစ်လအတွင်း  ၎င်း၏ ပထမဆုံးသော Live  ဖျော်ဖြေမှုများကို   ဒီဇင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း သိရသည်။

တေးလာဆွစ်ဖ်သည်  ၎င်း၏နောက်ဆုံး အကြိမ် တိုက်ရိုက်ဖျော်ဖြေမှုကို  ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က Houston’s Club Nomadic ၌  အထူးဖျော်ဖြေပွဲအတွက် DIRECTV နှင့်  ပူးပေါင်းထုတ်လွှင့်ပြီး နောက်ပိုင်းတွင် ၎င်း၏ခြောက်ခုမြောက် အယ်လ်ဘမ်ဖြစ်သည့်  Reputation   ကို ထုတ်ဝေဖြန့်ချိမည်ဟု      ကြေညာထားသည်။

ယခုအခါ တေးလာဆွစ်ဖ်သည် ဒီဇင်ဘာလတွင် ကျင်းပမည့်  ဖျော်ဖြေပွဲနှစ်ခု၌ ပါဝင် သီဆိုဖျော်ဖြေမည်ဖြစ်သည်။ တေးလာဆွစ်ဖ်သည် ကယ်လီဖိုးနီးယားပြည်နယ်  ဆန်ဟို ဆေးမြို့၌ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပမည့် Poptopia အစီအစဉ်၌ အက်ရှင်း၊ The Chainsmokers ၊ DuaLipa နှင့် Niall Horan တို့နှင့်အတူ သီဆိုဖျော်ဖြေမည် ဖြစ်သည်။

အလားတူ ဒီဇင်ဘာ ၇ ရက်တွင် ချီကာဂိုမြို့၌ ကျင်းပမည့် Jingle  Bash  ပွဲတော်တွင်လည်း  Backstreet Boys ၊ Fifth Harmony ၊ Khalid ၊ Logic and Sabrina Carpenter  တို့နှင့်အတူ ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

Read 8 times Last modified on Tuesday, 10 October 2017 10:35