SJ WorldNews - шаблон joomla Авто

မြန်မာ - ထိုင်း ပူးပေါင်း ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် နိုင်နိုင်း ပါဝင် သရုပ်ဆောင်မည်

Wednesday, 11 July 2018 08:41 font size decrease font size decrease font size increase font size increase font size

ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်သကဲ့သို့  ယနေ့အချိန်ထိလည်း ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားသည့် သရုပ်ဆောင် နိုင်နိုင်းသည် ထိုင်းနိုင်ငံမှ ဒါရိုက်တာနှင့်  မြန်မာနိုင်ငံမှ ဒါရိုက်တာတို့ ပူးပေါင်းရိုက်ကူးမည့်  Sleeping   Awake ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

'' Sleeping Awake လို့  နာမည်ပေးထားတဲ့ ဇာတ်ကားမှာ အေးမြတ်သူနဲ့ တခြားအနုပညာရှင်တွေနဲ့အတူ  ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်။ အခု အကြိုရိုက်ကူးတာတွေတော့ လုပ်နေပါပြီ။  ဇာတ်လမ်းကို  ကြိုတော့ မပြောပြချင်ဘူး။ ဘာလို့လဲဆို ပရိသတ်တွေ ပေါ့သွားမှာစိုးလို့ပါ'' ဟု နိုင်နိုင်းကပြောသည်။

 နိုင်နိုင်းအနေဖြင့် မကြာသေးမီက ရုံတင်ပြသခဲ့သည့် ဒုဋ္ဌဝတီကိုလွန်၍       ဇာတ်ကားတွင် ပြည်သူများ အားပေးမှု အထူးရရှိခဲ့သဖြင့် ထိုဇာတ်ကားအပိုင်း (၂) ကိုလည်း ထပ်မံရိုက်ကူးရန် ရှိကြောင်း သိရသည်။

''မကြာခင်မှာ  ကျွန်တော်ဒုဋ္ဌဝတီကိုလွန်၍ ဆိုတဲ့  ဇာတ်ကားအပိုင်း(၂)မှာ ဆက်လက်ပါဝင် သရုပ်ဆောင်ဖို့ ရှိနေတယ်။ အခုဇာတ်လမ်းက ရေးနေပါပြီ။ ဒီနှစ်အတွင်းမှာ ရိုက်ကူးဖြစ်မယ် ထင်ပါတယ်။ ပရိသတ်အားပေးမှု ရရှိနေသေးလို့ ဝမ်းသာပါတယ်'' ဟု နိုင်နိုင်းကပြောသည်။

နိုင်နိုင်းအနေဖြင့် မြန်မာနိုင်ငံ၌ အလုပ်များ ဆက်တိုက်လုပ်ကိုင်နေသကဲ့သို့ အမေရိကန်၌ နေထိုင်လျက် ရှိသော ၎င်း၏မိသားစုကို အချိန်ပေးရန် သြဂုတ်လအတွင်း အမေရိကန်သို့ သွားရောက်ရန် ရှိနေကြောင်း သိရသည်။                                

Read 43 times Last modified on Wednesday, 11 July 2018 08:42