SJ WorldNews - шаблон joomla Авто

ယခုနှစ်အတွင်း မှော်ဝင်သမန်းကျား ဇာတ်ကားကို ရုံတင်ရန်ကြိုးစားမည့် သရုပ်ဆောင် အဆိုတော် ခွန်းဆင့်နေခြည်

Sunday, 10 June 2018 13:29 font size decrease font size decrease font size increase font size increase font size

သရုပ်ဆောင်ခွန်းဆင့်နေခြည်က  ငွေကျပ်သိန်း သုံးထောင်ကျော်  အကုန်အကျခံ ရိုက်ကူးထားသည့်  မှော်ဝင်သမန်းကျား ဇာတ်ကားအား ယခုနှစ်အတွင်း ရုံတင်ပြသရန်  စီစဉ်မည်ဖြစ်ကြောင်း  သရုပ်ဆောင်၊ အဆိုတော် ခွန်းဆင့်နေခြည် ကပြောသည်။
''ခွန်းဆင့်   မှော်ဝင်သမန်းကျားရိုက်တာက  အရမ်းပင်ပန်းပြီး အချိန်ကလည်း လေးနှစ်ကြာ ရိုက်ကူးခဲ့ပါတယ်။ ဒီလို ဘာလို့ကြာတာလဲဆိုတော့ မြန်မာနိုင်ငံမှာ Animation လုပ်တာ အဆင်မပြေမှုတွေ  ကြုံခဲ့ရပါတယ်။   အစအလယ်အဆုံး   ကိုယ်က  ထုတ်လုပ်ရေးပိုင်းကို   တာဝန်ယူရိုက်ကူး ထားတာကြောင့် အခု ရုံတင်ပြသတော့မယ့်အချိန်ထိ  သေချာပြန်လုပ်ခဲ့ပါတယ်။ ခုနစ်ကြိမ်တိတိ    ပြင်ဆင်ခဲ့ရတယ်။ Animation   အပိုင်း  အရမ်းအားနည်းတာကြောင့်  ထိုင်းနိုင်ငံနဲ့  အမေရိကားမှာ အားလုံးသေချာ ပြင်ဆင်ခဲ့ပါတယ်။ အယ်ဒီတာတွေ   အဆင့်ဆင့်ပြောင်းခဲ့ရ တယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်''  ဟု  ခွန်းဆင့်နေခြည် ကပြော သည်။
အဆိုပါဇာတ်ကားကို  ၂ဝ၁၄  ခုနှစ် ဒီဇင်ဘာလက   ရန်အောင်၊ မင်းမော်ကွန်း၊  စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့  ပါဝင်သရုပ်ဆောင်ခဲ့ပြီး   ဇာတ်လမ်းနှင့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)  ရိုက်ကူးခဲ့ကြောင်း   သိရသည်။  မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို  ထုတ်လုပ်သူ  ခွန်းဆင့်နေခြည်က အစအဆုံး ပြန်လည်ပြင်ဆင်ခဲ့ရာ ၂ဝ၁၈ ခုနှစ် မေ ၂၅ ရက်မှသာ အပြီးသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားအား  ၂ဝ၁၈  ခုနှစ် အတွင်း   ရုံတင်ပြသနိုင်ရန်    ကြိုးစားလျက်ရှိပြီး ခွန်းဆင့်နေခြည်က  ပရိသတ်များကို အကောင်းဆုံး ပြသနိုင်ရန် ကြိုးစားခဲ့ခြင်းကြောင့် ရုံတင်ရာတွင် အားပေးစေလိုကြောင်း ပြောသည်။
Read 99 times Last modified on Sunday, 10 June 2018 13:29