SJ WorldNews - шаблон joomla Авто

မြန်မာ- တောင်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲ ကျင်းပမည်

Thursday, 17 May 2018 10:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၁၆

မြန်မာနှင့်တောင်ကိုရီးယား နှစ်နိုင်ငံ ဂီတလောက ချစ်ကြည်ရင်းနှီးမှုရှိစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ ချစ်ကြည်ရေး  ဂီတ ဖျော်ဖြေပွဲကို ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဂီတ ဖျော်ဖြေပွဲကို   Korea Myanmar Rock Concert အမည်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ နိုင်ငံ ကိုယ်စားပြု အနေဖြင့် Emperorတေးဂီတအဖွဲ့၊ Big Bag တေးဂီတအဖွဲ့၊  ဖြူဖြူ ကျော်သိန်းနှင့် EDM DJ  Andrew တို့က ဖျော်ဖြေ တင်ဆက်မည်ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံအနေဖြင့်  ယင်းနိုင်ငံ၏  Rock  ဂီတကဏ္ဍတွင်  ထင်ရှားကျော်ကြားသော Seomoon  Tak တေးဂီတအဖွဲ့နှင့် Sexy EDM DJ Kiara Lee  တို့က  ပါဝင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

အဆိုပါဂီတ ဖျော်ဖြေပွဲတွင် ပြည်တွင်းရှိ ဂီတဝါသနာရှင်များ စိတ်ပါဝင်စားသည့် ဂီတနှင့် ဆိုင်သော  ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

''အခုဂီတ ဖျော်ဖြေပွဲကို ပြည်သူတွေ လာရောက်ကြည့်ရှုဖို့ အဆင်ပြေတဲ့ နေရာမှာ ပြုလုပ်မှာ ဖြစ်သလို လက်မှတ် တွေကိုလည်း  ဈေးသက်သက်သာသာနဲ့  ရောင်းချပေးမှာပါ။ Rock  ဂီတကို စိတ်ဝင်စားတဲ့ သူတွေ   စိတ်ကျေ နပ်မှု ရအောင် အပြည့်အဝ လုပ်ထားပါတယ်'' ဟု Korea-Myanmar Rock Concert ကျင်းပရေး အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါဂီတ ဖျော်ဖြေပွဲကို ဇွန် ၂ ရက် ညနေပိုင်းတွင် စတင် ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံမှ ဂီတပညာရှင်များက အလှည့်ကျ ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

သီရိ

..............

Read 57 times Last modified on Thursday, 17 May 2018 10:21