SJ WorldNews - шаблон joomla Авто

အဆိုပိုင်းထက် ဆိုင်းတီးသည့် အနုပညာကိုသာ ရေရှည် လုပ်ကိုင်သွားမည့် ဆိုင်းမင်းသမီး စုလတ်နိုင်

Monday, 14 May 2018 09:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၌ ဆိုင်းဝိုင်းဖျော်ဖြေပွဲများကို တစ်နှစ်လေးပွဲခန့်အထိ ဖျော်ဖြေနေရသည့် ဆိုင်းမင်းသမီး စုလတ်နိုင်သည် အဆိုထက် ဆိုင်းတီးသည့် အနုပညာကိုသာ ရေရှည်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောသည်။ ဆိုင်းမင်းသမီး စုလတ်နိုင်သည် ရွှေရည်သိန်းတန်နှင့် တွဲဖက်၍ အတွဲခွေ တစ်ခွေသီဆိုထားကာ ရေရှည်အတွက် မူလအနုပညာ အလုပ်ဖြစ်သည့် ဆိုင်းတီးခြင်းကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ''ရန်ကုန်ဘက်မှာ တစ်နှစ်ကို သုံးပွဲ၊ လေးပွဲတီးရတယ်။ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ရမည်းသင်း ဘက်တွေမှာလည်း တီးရတယ်။ သမီးဖေဖေက ဆိုင်းဆရာဆိုတော့ ငယ်ငယ်ကတည်းက ဆိုင်းဝိုင်းနဲ့ ရင်းနှီးနေတာ။ ဆိုင်းက နာကျင်မှု မကြောက်ဘဲ ဇွဲရှိရမယ်။ အလှဆိုတာထက် အင်နဲ့အားနဲ့ လုပ်မှရတဲ့ အနုပညာမျိုးပါ။ တချို့က ပညာစမ်းတယ်။ တချို့ကျတော့ တကယ်အားပေးတယ်။ ဆိုင်းက သိတဲ့သူ ပိုများတော့ မလျှော့ရဲဘူး။ အနုပညာကို ဆိုင်းအနေနဲ့ ပရိသတ်နေရာ ပေးသလောက်လုပ်မယ်။ ဆိုင်းသမဘဝက အနားယူရင် မောင်လေး၊ ညီမလေးတွေကို မြေတောင်မြှောက်ပေးမယ်'' ဟု စုလတ်နိုင်က ပြောသည်။ ဆိုင်းသီးသန့်ခွေ ထုတ်ခဲ့ပြီးဖြစ်ရာ နောက်ထပ်လည်း စုလတ်နိုင်ကိုယ်တိုင် ဆိုင်းဝိုင်းဖြင့် တီးခတ်သီဆိုမည့် ရာဇဝင်သမိုင်း သီချင်းများ ပါဝင်သည့် တေးစီးရီးခွေ သစ်ထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ ရွှေရည်သိန်းတန်နှင့် ဆိုင်းမင်းသမီး စုလတ်နိုင်တို့ နှစ်ဦး တွဲဖက်သီဆိုထားသည့် သံမဏိလိပ်ပြာရဲ့ နယ်ခြားအလွမ်း တေးစီးရီးခွေ ကိုလည်း မကြာမီ ဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။

Read 83 times Last modified on Monday, 14 May 2018 09:47