SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ မောင်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

Thursday, 12 April 2018 12:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁၁

ရန်ကုန်မြို့၌ ဧပြီ ၃ဝ ရက်တွင် (၁၂)ကြိမ်မြောက် နိုင်ငံတကာမောင်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄ဝ က မောင်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ နိုင်ငံတကာမှ မောင်များမှာ ရန်ကုန်မြို့သို့ ဧပြီ ၂၁ ရက်တွင် ရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက မော်ဒယ်လ်ဂျွန်ကိုကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုပွဲတွင် ယှဉ်ပြိုင်ရန် သုံးလကြာ လေ့ကျင့်ထားကြောင်း သိရသည်။ ''အခုပွဲက နိုင်ငံတကာကို ထိုးဖောက်ပြသခွင့် ရရှိတဲ့ပွဲပဲ ဖြစ်ပါတယ်။ အရင်နှစ်က အခုလို မောင်ပြိုင်ပွဲကို ဗန်ကောက်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ မောင်ပြိုင်ပွဲကို ပထမဆုံး ကျင်းပခွင့်ရတာပါ။ အခုပွဲကို ပြည်တွင်း ဒိုင်လေးဦးနဲ့ ပြည်ပဒိုင်သုံးဦးက ရွေးချယ်ပေး ပါမယ်။ နိုင်ငံတကာမှာ ရွေးချယ်တဲ့ပုံစံအတိုင်း ရွေးချယ်မှာဖြစ်ပါတယ်''ဟု MR of Myanmar Management Co.,Ltd. မှ ပိုင်ရှင် ကိုဇေယံဟိန်းက ပြောသည်။

အဆိုပါ နိုင်ငံတကာ မောင်ပြိုင်ပွဲကို Brilliant World Co.,Ltd. နှင့် Brilliant World Co.,Ltd. တို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း၊ Sponsor များအဖြစ် Aroma၊ Pizza Hut ကောင်းကြိုက်နှင့် KFC တို့အပြင် တခြား Sponsor များလည်း ရရှိထားကြောင်း သိရသည်။

Read 135 times Last modified on Thursday, 12 April 2018 12:51