SJ WorldNews - шаблон joomla Авто

ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော်ရော့ခ်အင်ရိုး ခရီးသွားများ ဂီတဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်

Wednesday, 10 January 2018 09:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ  

Rock အဆိုတော်   ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော် ရော့ခ်အင်ရိုး ခရီးသွားများ (The Rock & Roll Travellers Show) ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းတွင် အထက်ပန်းဆိုးတန်း လမ်းရှိ Rose Garden Hotel ၌  ကျင်းပမည်ဖြစ်ကြောင်း   သိရသည်။

''ဒီဖျော်ဖြေပွဲမှာ ကျွန်တော့် ပရိသတ်တွေအတွက် သူတို့ကြိုက်တဲ့ သီချင်းတွေဆိုမယ်။  ကိုယ့်ဘဝကိုစခဲ့တဲ့   သီချင်းတွေပါမယ်။ ကျွန်တော်အလွတ်ရတဲ့ သီချင်းအပုဒ် ၂၅ဝ လောက်ရှိပေမယ့်   ပရိသတ်တွေတောင်းဆိုရင်  သီချင်းအပုဒ် ၆ဝ လောက်ဆို ဖြစ်မှာပါ'' ဟု Rock အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။

ဇော်ဝင်းထွဋ်၏ ဂီတဖျော်ဖြေပွဲအတွက်    မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ပြင်ပလုံခြုံရေးကို  တာဝန်ယူမည်ဖြစ်ပြီး  ဖျော်ဖြေပွဲကျင်းပရာ  ဟိုတယ်အတွင်း၌ လုံခြုံရေး ကုမ္ပဏီများမှ လုံခြုံရေး   ၅ဝ  ဦးခန့်ကို ထားရှိမည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများကို ငွေကျပ် တစ်သိန်းနှစ်သောင်း၊ ငွေကျပ်  ရှစ်သောင်း နှင့် မတ်တတ်ရပ် အားပေးလိုသူများအတွက် ငွေကျပ်ငါးသောင်း သတ်မှတ်ထားပြီး  လာကြည့်သူအား  ပွဲမစမီ အစား အသောက်များ  ကျွေးမွေးမည်ဖြစ်ကြောင်း   သိရသည်။

လက်မှတ်များကို မန်းသီရိတေးသံသွင်းနှင့် 2018 Monster Lullaby Entertain-mentတို့၌ ဝယ်ယူနိုင်ပြီး  အိမ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 85 times Last modified on Wednesday, 10 January 2018 09:23