Wednesday, 28 September 2016 12:33

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

Written by 
Rate this item
(0 votes)

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့ အသုံးအနှုန်းလေးဟာ အတော်လေး တွင်တွင် ကျယ်ကျယ်

သုံးလာတာ တွေ့ရပါတယ် ဆရာ။ ဒါ့ကြောင့် ပရိုဘိုင်အိုတစ်ဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာ မြဝတီ ပရိသတ်ကြီးကို အရင်ဆုံး မိတ်ဆက် ပေးစေချင်ပါတယ် ဆရာ။

ဖြေ။။ ပရိုဘိုင်အိုတစ် ဆိုတဲ့ အင်္ဂလိပ် စာလုံးလေးမှာ အဓိက အနေနဲ့ နှစ်ပိုင်း ပါဝင်ပါတယ်။ ဂရိဘာသာ စကားကနေ ဆင်းသက် လာတာ ဖြစ်ပြီး Pro ဆိုတာကတော့ Prom oting မြှင့်တင် ပေးခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ဥပမာ- အရောင်း မြှင့်တင်ခြင်း၊ ရာထူး တိုးခြင်း စတာတွေနဲ့ အတူတူ ဖြစ်ပါတယ်။ ဒုတိယပိုင်း ဖြစ်တဲ့ ဘိုင်အိုတစ် ဆိုတာ ကတော့ သက်ရှိ ဒါမှမဟုတ် အသက်ရှင် နေထိုင်ခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ဥပမာ- Biology ဆိုရင် သက်ရှိ သတ္တဝါတွေ အကြောင်း လေ့လာတဲ့ ပညာကို ခေါ်သလိုမျိုးပါ။ ဒါ့ကြောင့် Probiotic ဆိုတဲ့ မူရင်းစာလုံးအ နေနဲ့ Promoting Life လို့ အဓိပ္ပာယ် ရပါတယ်။ အသက်ရှင် ရပ်တည် နိုင်အောင် အားပေး ကူညီပေးခြင်း၊ အားပေး ကူညီသူများ လို့ ဆိုလိုခြင်းပါ။ ဒီကနေ့ ဆေးပညာ ဆိုင်ရာ အသုံးအနေ နဲ့ လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အဏုဇီဝ ပိုးလေးတွေကို ရည်ညွှန်း ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

မေး။။ဒါဆိုရင် ဘယ်လိုမျိုး အဏုဇီဝ ပိုးလေးတွေကို ပရိုဘိုင်အိုတစ်လို့ ခေါ်ပါ သလဲ ဆရာ။

ဖြေ။။ ကျွန်တော်တို့ သာမန် မျက်စိနဲ့ မမြင်ရအောင် သေးငယ်တဲ့ အဏုဇီဝ လောကမှာ လူကို အကျိုးပြုတဲ့ အဏုဇီဝ လေးတွေရယ်၊ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးမွှားတွေ ရယ်၊ လူကို အကျိုးလည်းမပြု ရောဂါလည်းမပေး၊ သူ့ဟာသူနေတဲ့ အဏုဇီဝဆိုပြီး သုံးမျိုး သုံးစားခွဲခြားထား ပါတယ်။ အဲဒီ သုံးမျိုးထဲမှာမှ လူတွေရဲ့ ကျန်းမာရေးကို အထောက် အကူ ပြုတဲ့ တချို့သော ဗက်တီးရီးယားနဲ့ ရိစ်တွေကို ပရိုဘိုင်အိုတစ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သူတို့လေးတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးကို အစဉ် ကျန်းမာနေအောင် လုပ်ဆောင် ပေးလျက် ရှိပါတယ်။

မေး။။အဲဒီ  ပရိုဘိုင်အိုတစ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဘယ်နားမှာ နေကြပါသလဲဆရာ။

ဖြေ။။ အဓိက နေတဲ့နေရာ သုံးခု ရှိပါတယ်။ ပမာဏ အများဆုံး ကတော့ အူနဲ့ အစာလမ်း ကြောင်းမှာ ဖြစ်ပါတယ်။ Gut flora လို့လည်း ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ အူ သိမ်နဲ့ အူမကြီးထဲမှာ အကျိုးပြု အဏုဇီဝ ပရိုဘိုင်အိုတစ် အရေအတွက် ၁ဝဝ ထရီလီယံ ရှိပါတယ်။ အဲဒီအ ရေအတွက်ဟာ ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ ရှိတဲ့ ဆဲလ်အရေ အတွက်ရဲ့ ၁ဝ ဆဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ ရှိတဲ့ ဆဲလ်အရေအတွက် စုစု ပေါင်းဟာ ၁ဝ ထရီလီယံသာ ရှိလို့ ဖြစ်ပါတယ်။ ဆိုလို တာ ကတော့ ကျွန်တော်တို့ရဲ့ ဆဲလ် တစ်ခုအတွက် ပရိုဘိုင်အိုတစ် ၁ဝ ကောင်က စောင့်ရှောက် ပေးနေတယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့ စွန့်ထုတ်လိုက်တဲ့ မစင်ကို အခြောက်ခံရင် စုစုပေါင်း အလေးချိန်ရဲ့ ၆ဝ ရာခိုင် နှုန်းဟာ ပရိုဘိုင်အိုတစ် တွေဖြစ်ပါတယ်။ ဒုတိယ အများဆုံး နေရာကတော့ ပါးစပ်နဲ့ ခံတွင်းမှာ ဖြစ်ပြီး တတိ ယ နေရာကတော့ အမျိုးသမီး မွေးလမ်းကြောင်း အင်္ဂါ တစ်လျှောက် ဖြစ်ပါတယ်။ အဓိက အနေနဲ့ ပြင်ပနဲ့ တိုက်ရိုက် ထိတွေ့နေရတဲ့ နေရာတွေမှာ ပရိုဘိုင်အိုတစ် တွေ ဟာ ရှေ့ တန်းခံစစ် အနေနဲ့ တည်ရှိ နေကြပါတယ်။

မေး။။ အဲဒီ ပရိုဘိုင်အိုတစ် တွေဟာ ဘယ်လိုမျိုး အသုံးဝင် ပါသလဲ ဆရာ။ ဘယ်လိုမျိုး တာဝန် တွေ ထမ်းဆောင် ပါသလဲ ဆရာ။

ဖြေ။။ ပရိုဘိုင်အိုတစ်တွေကို အကျိုးပြု အဏုဇီဝလို့ ခေါ်ရတဲ့ အကြောင်းကတော့ လူတွေရဲ့ ကျန်းမာရေးကို များစွာ အကျိုးပြုနေလို့ပဲ ဖြစ်ပါတယ်။ အဓိက အနေနဲ့-

(၁)ရုပ်ဝတ္ထု ပစ္စည်း အနေနှင့်  အကာကွယ် ပေးခြင်း၊

(၂) အစာ ခြေဖျက်ရာနှင့် စုပ်ယူရာတွင် ကူညီပေးခြင်း၊

(၃) သဘာဝ ပဋိဇီဝ ပစ္စည်းများ ထုတ်လုပ် ပေးခြင်း၊

(၄)ကိုယ်ခံအား စနစ်ကို ထိန်းညှိ ပေးခြင်းနဲ့

(၅) ဗီတာမင်များ ထုတ်လုပ် ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

မေး။။ အကာကွယ် ပေးတဲ့ လုပ်ငန်း အနေနဲ့ ဘာတွေကို ကာကွယ် ပေးတာလဲ ဆိုတာလည်း အသေးစိတ် သိချင်ပါတယ် ဆရာ။

ဖြေ။။ အကာအကွယ် ပေးခြင်း လုပ်ငန်း အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ပြင်ပနဲ့ တိုက်ရိုက် ထိတွေ့ နေရတဲ့ နေရာတွေ ဖြစ်တဲ့ ပါးစပ်၊ အူနဲ့ အစာလမ်းကြောင်း တစ်ေ လျှာက်၊ အမျိုး သမီး မွေးလမ်းကြောင်း တစ်လျှောက်တွေမှာ ပရိုဘိုင်အိုတစ်တွေဟာ တစ်ကောင်နဲ့ တစ် ကောင် ပူးကပ်ပြီး အလွှာပါးလေး တစ်ခု သဖွယ် ဖုံးအုပ် ပေးထားပါ တယ်။  ဒီလို အကျိုးပြု ဗက်တီးရီးယား တွေရှိနေတဲ့ အတွက် မကောင်းတဲ့ ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက် မလာနိုင်တော့ပါဘူး။ ဥပမာ- ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်း တစ်ခုအရ နေ့စဉ် ဒိန်ချဉ် တစ်ခွက် သောက်တဲ့ ကလေးတွေဟာ သွားနဲ့ သွားဖုံး ရောဂါ ဖြစ်ပွားမှု နှုန်းဟာ မစားတဲ့ ကလေးတွေထက် သိသိသာ သာ လျော့နည်း သွားတာ တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့် လဲဆိုရင် ဒိန်ချဉ်မှာပါတဲ့ ပရိုဘိုင်အိုတစ် တွေဟာ သွားနဲ့ သွားဖုံးတွေမှာ အလွှာပါးလေးတစ်ခုလို တွယ်ကပ် နေ ပြီး ပြင်ပက ရောဂါပိုးတွေ မဖြစ်အောင် ကာကွယ် ပေးထားလို့ ဖြစ်ပါတယ်။ ရောဂါပိုးတွေ ဝင်ရင် သွားဖုံးရောင်တာတို့၊ သွားပိုးစားတာတို့ ဖြစ်စေပါတယ်။ ဒါတွေကို ပရို ဘိုင်အိုတစ်က ကာကွယ် နိုင်စွမ်း ရှိပါတယ်။ အူနဲ့ အစာလမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့ ပရိုဘိုင်အိုတစ် တွေကလည်း အူနံရံတစ်လျှောက် အလွှာပါးလေး တစ်ခု ပြုလုပ်ပြီး ဒိုင်းသဖွယ် ကာရံ ထားတော့ ပြင်ပကနေ ရောဂါပိုးတွေ မဝင်ရောက်နိုင်ဖို့ တားဆီး ပေးထား ပါတယ်။ အလားတူပါပဲ အမျိုးသမီး မွေးလမ်းကြောင်း တစ်လျှောက်မှာလည်း သူတို့တွေ ရှိနေတော့ ရောဂါ ပိုး တွေကြောင့် အဖြူဆင်းတာတွေ မဖြစ်ရလေအောင် ကာကွယ် ပေးထားတာကို ဆိုလိုတာပါ။

မေး။။ အစာ ခြေဖျက်ရာနဲ့ စုပ်ယူရာတွင် ကူညီပေးခြင်း ဆိုတာကရော ဆရာ။

ဖြေ။။ ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရာမှာ  ပထမဆုံး အစာအိမ်က နေ အက်စစ်နဲ့ ချေဖျက် ရပါတယ်။ ပြီးရင် အူသိမ်ဦးပိုင်းမှာ အစာခြေရည်နဲ့ အင်ဇိုင်းမျိုးစုံ တို့က ချေဖျက် ပေးကြရပါတယ်။ အဆီကို ချေဖျက်ဖို့ သည်းခြေရည် လိုပါတယ်။ ပန်ကရိယကထုတ်တဲ့ ပန်ကရိယ အင်ဇိုင်းတွေ လိုပါတယ်။ အူနံရံ တစ်လျှောက် လည်း အစာခြေရည်တွေ ထုတ်လုပ် ပေးပါသေးတယ်။ အဲဒီလို ချေဖျက်တဲ့ အပြင် အူသိမ်ထဲမှာ ရှိတဲ့ ပရိုဘိုင်အိုတစ်တွေကလည်း အစာခြေရာမှာ ဝိုင်းပြီး လုပ်ဆောင် ပေး ပါတယ်။ ခြေပြီးတဲ့ အစာတွေကို အူနံရံကနေ စုပ်ယူဖို့ကိုလည်း အားပေးပါတယ်။ အထူးသဖြင့် စုပ်ယူဖို့ ခက်ခဲတဲ့ ထုံးဓာတ်နဲ့ သံဓာတ်တွေကို စုပ်ယူရာမှာ များစွာ အထောက် အကူ ပြုပါတယ်။ တချို့ အစာမကြေ လေချဉ် တက်တာ တွေ တွေ့ဖူးကြမှာပါ။ အဲ့ဒီလို ဖြစ်ရတာဟာ အူသိမ်ထဲမှာ ပရိုဘိုင်အိုတစ်တွေ ချို့တဲ့နေရခြင်းဟာ အဓိက အကြောင်း ရင်း ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဖြစ်တာ၊ လေချဉ် တက်တာတွေ အတွက် ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့အစား အစာတွေ၊ ဆေးဝါးတွေပေး ပြီး ကုသရလေ့ ရှိပါတယ်။

မေး။။ သဘာဝ ပဋိဇီဝ ပစ္စည်းများ ထုတ်လုပ်ပေးခြင်းနဲ့ ပတ်သက် ပြီးတော့လည်း ရှင်းပြပေး ပါဦး ဆရာ။

ဖြေ။။ ပရိုဘိုင်အိုတစ်တွေကနေ သဘာဝ ပဋိဇီဝဆေးတွေ ထုတ်လုပ် ပေးပါတယ်။ ဥပမာ - လက်တိုဘေ့စ် စီလပ်အက်ဆီ ဒိုဖီးလပ်စ်ကနေ အက်ဆီဒိုဖီလင်ကို ထုတ်ပေးပြီး လက်တို ဘေ့စ်စီလပ်စ်ဘူဂေးရီးကပ်စ်ကနေ ဘူဂေးရီး ကင်တွေ ထုတ်ပေးပါတယ်။ တခြားမျိုးစိတ်တွေ ကလည်း ဆိုင်ရာဆိုင်ရာ အသီးသီး ထုတ်ပေးပါတယ်။ အဲဒီ သဘာဝ ပဋိဇီဝ ပစ္စည်းတွေဟာ ပြင်ပကနေ ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ ဗက်တီးရီးယားပိုး တွေနဲ့ မှိုစွဲနာပိုးတွေကို သေကျေစေနိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ ခန္ဓာကိုယ်ကိုလည်း ဘေးထွက် ဆိုးကျိုး မပေးတဲ့အတွက် လူတွေ ဖန်တီး ပြုလုပ်ထားတဲ့ အင်တီ ဘိုင်အို တစ်ထက် ပိုကောင်းပါတယ်။ ဒီလိုမျိုး ထုတ်လုပ် ပေးနိုင်တဲ့အ တွက် အူနဲ့ အစာလမ်းကြောင်း ထဲမှာ မလို လားအပ်တဲ့ ရောဂါပိုးတွေ ပွားမလာအောင် ထိန်းညှိ ပေးပါတယ်။

မေး။။ ကိုယ်ခံအား စနစ်ကိုရော ဘယ်နည်း ဘယ်ပုံ ထိန်းညှိ ပေးပါသလဲ ဆရာ။

ဖြေ။။ အရင်တုန်း ကတော့ ဆေးသိပ္ပံ ပညာရှင်တွေဟာ ခုခံအား စနစ်ဆိုတာ ပြင်ပကနေဝင် လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ဖို့ပဲလို့ ထင်မြင် ယူဆခဲ့ ကြပါတယ်။ ဒါပေ မဲ့ အဲဒီခုခံ အားစနစ်ဟာ အထိန်းအကွပ် မရှိခဲ့ရင် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပြီး ကိုယ့်ရဲ့ ခန္ဓာ ကိုယ်ကြီးကို ပြန်လည် တိုက်ခိုက်တဲ့ အတွက် ရောဂါတွေ ရစေပါ တယ်။ ဒါကို အော်တိုအင်မြူး ရောဂါများ လို့ခေါ်ပါတယ်။ ဥပမာ အနေနဲ့ ခန္ဓာကိုယ်ထဲကို ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယား တွေ ဝင်လာရင် အတတ်နိုင်ဆုံး တိုက်ခိုက် ချေမှုန်း တာဟာ အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ ပန်းပွင့်ရဲ့ ဝတ်မှုန်လေးတွေ၊ ဖုန်မှုန့်လေးတွေ၊ တိရစ္ဆာန်လေးတွေရဲ့ အမွေးမျှင် လေးတွေဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရင် ဘာမှ ဒုက္ခ မပေးတဲ့အတွက် ခုခံအား စနစ်က ဘာမှ လုပ်ဖို့မလိုပါဘူး။ ဒါကို ရန်သူလို့ သတ်မှတ်ပြီး အလွန်အမင်း တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ရင် ပန်းနာရင်ကျပ် ရောဂါတို့၊ အဆစ် အမျက်တွေ နာတဲ့ သွေးလေးဖက်နာ ရောဂါတို့ ၊အူတွေ ရောင်ရမ်းတဲ့ ရောဂါတွေ ဖြစ်လာ တတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် ပရိုဘိုင်အိုတစ် လေးတွေက ထိန်းညှိ ပေး ပါတယ်။ပရိုဘိုင်အိုတစ်တွေ လုံလုံလောက်လောက် ရှိခဲ့ရင် ခုခံအား စနစ်ရဲ့ ခေါင်ချုပ်ဖြစ်တဲ့ ထိန်းချုပ် တီဆဲလ်တွေကို ပိုမို ထွက်စေတဲ့ အတွက် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ မဖြစ်ရလေအောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ အဲ့ဒီရော ဂါတွေကို ကုသရာမှာ ပရိုဘိုင်အိုတစ်တွေကို  အသုံးပြု လာကြတာ တွေ့ရပါတယ်။

မေး။။ ဗီတာမင်တွေ ထုတ်ပေးတယ် ဆိုတော့ ဘယ်လိုမျိုး ဗီတာမင်တွေ ပါလဲ ဆရာ။

ဖြေ။။ နောက်ဆုံး အနေနဲ့ ပရိုဘိုင်အိုတစ်တွေဟာ အူထဲမှာ နေရင်းနဲ့ လူတွေရဲ့ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်ဘီ- ၁၂ နဲ့ ဗီတာမင်ကေ တို့ကို ထုတ်လုပ် ပေးပါတယ်။ အဲ့ဒီဗီတာမင် နှစ်မျိုးဟာ ကျွန်တော်တို့ ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်တွေပါ။ သူတို့ကို ကျွန်တော်တို့ နေ့စဉ် စားနေတဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ အကယ်၍ အစားအစာ ကနေ လုံလောက်အောင် မရရှိခဲ့ရင် အူထဲမှာရှိတဲ့ ပရိုဘိုင်အိုတစ် အဏုဇီဝလေးတွေက ဖြည့်စွက် ထုတ် လုပ် ပေးပြီး အဲ့ဒီ ဗီတာမင်တွေ ချို့တဲ့မှု မဖြစ်အောင် ပြုလုပ်ပေးပါတယ်။ အဲ့ဒီ ပရိုဘိုင်အိုတစ်တွေပါ ချို့တဲ့ သွားမှသာ အဆိုပါ ဗီတာမင်ချို့ တဲ့ တဲ့လက္ခဏာတွေ ခံစားရမှာပါ။ အဲ့ဒီ ဗီတာမင် နှစ်မျိုး ချို့တဲ့နေခဲ့ရင် အဲ့ဒီလူမှာ ပရိုဘိုင်အိုတစ်ပါ ချို့တဲ့နေပြီလို့ ပြောလို့ရပါတယ်။ ဒီအကြောင်း အသေးစိပ်ကိုတော့ နောက်ကျမှပဲ သီးခြား ခေါင်းစဉ် တစ်ခုစီနဲ့ ဆွေးနွေး တင်ပြ ပေးပါမယ်။

မေး။။ ပရိုဘိုင်အိုတစ် တွေရဲ့ လုပ်ငန်း ဆောင်တာတွေ ကတော့ အံ့မခန်းပါပဲ ဆရာ။ နောက်ဆုံး အနေနဲ့ သိချင်တာက ပရိုဘိုင်အိုတစ်ကို ဘယ်တုန်းက စပြီး တွေ့ရှိ ခဲ့ပါသလဲ ဆရာ။

ဖြေ။။ ပရိုဘိုင်အိုတစ်ကို စတင် တွေ့ရှိ ခဲ့တဲ့ နှစ်ကတော့ ၁၉ ရာစု အကုန်လောက် ကတည်း က ဖြစ်ပါတယ်။တွေ့ရှိသူ ကတော့ ရုရှား လူမျိုး ဇီဝဗေဒ ပညာရှင် ပါမောက္ခ မက်ခ်ျနီကော့ဗ်ပါ။ သူဟာ ပြင်သစ် နိုင်ငံမှာ ရှိတဲ့ ပါစချာ အင်စတီကျုမှာ သုတေသန လုပ်ငန်းတွေ ပြုလုပ်ရင်း စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်က လူတွေကို အသက်ရှည်အောင် ဘယ်လို လုပ်ရင် ရနိုင်လဲဆိုတဲ့ သုတေသန လုပ်ငန်း ဖြစ်ပါတယ်။ ဥရောပမှာ အသက်ရှည်ဆုံး လူမျိုး တွေဟာ ဘူဂေးရီးယား တွေနဲ့ ရုရှား လယ်သမားေ တွ ဖြစ်တယ်။ ဒါကြောင့် သူတို့စားတဲ့ အစာ တွေကို လေ့လာရာမှာ ဒိန်ချဉ်စားသုံးမှု အထူး မြင့်မားတာကို ဆက်လက် လေ့လာမိပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ ဘာတွေ ပါလဲဆို တာ လေ့လာတဲ့အခါ ဗက်တီးရီးယား တစ်မျိုးကို သွား တွေ့ပါတယ်။ နို့ကနေရလို့ လက်တိုဘေ့စ်စီလပ်လို့ ခေါ်ပြီး ဘူဂေးရီးယား နိုင်ငံမှာတွေ့လို့ ဘူဂေးရီးကပ်စ်လို့ အ မည် ပေးခဲ့ပါတယ်။ အရင်က ဗက်တီးရီးယား မှန်သမျှ လူတွေကို ရောဂါရစေတယ်။ ဒုက္ခ ပေးကြတယ်လို့ ယုံကြည် ခဲ့ကြရာကနေ အဲ့ဒီဗက်တီးရီးယား တွေဟာ လူတွေကို ဒုက္ခမပေးတဲ့ အပြင် ကျန်းမာအောင်၊ အသက်ရှည်အောင် လုပ်ပေးတယ် ဆိုတာ တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့လို့ ၁၉ဝ၈ ခုနှစ်မှာ ဆေးပညာ ဆိုင်ရာ နိုဗယ်ဆုကို ဆွတ်ခူး ရရှိခဲ့ပါ တယ်။ အဲ့ဒီဗက်တီးရီးယားတွေကိုလည်း ပရိုဘိုင်အိုတစ်လို့ ခေါ်ဆိုခဲ့ပါတယ်။

သူ့ကိုလည်း ပရိုဘိုင်အိုတစ်ရဲ့ ဖခင်ကြီးလို့ နောက်ပိုင်း လူတွေက ဂုဏ်ပြုပြီး ခေါ်ဝေါ် သုံးစွဲ ခဲ့ကြပါတယ်။ သူစတင် တွေ့ရှိစဉ်က ပရိုဘိုင်အိုတစ်တွေဟာ ဆေးပညာ ရှင် တွေကြားမှာ သိပ်ပြီး ဝင်စားမှု မခံခဲ့ရပေမယ့် ဒီနေ့ အချိန်ခါမှာတော့ အထူးသဖြင့် ပဋိဇီဝ ဆေးတွေနဲ့ မတိုးတော့ တဲ့ ဗက်တီးရီးယားတွေ ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ စိတ်ဝင်စားမှု အရှိန်အဟုန် မြင့် တက် လာနေတာ တွေ့ရပါတယ်။

 

 

 

Read 964 times Last modified on Wednesday, 28 September 2016 13:40