BreakingNews
မိုး ထစ်ချုန်း ရွာမည် - Tuesday, 02 May 2017 12:36
ဧပြီ ၂၃ ရက် ည ယှဉ် ပြိုင် သည့် ဘော လုံး ပွဲ ရလဒ်များ - Monday, 24 April 2017 14:39
    

မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။

Monday, 13 June 2016 09:46

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက် မိတ်ဆက်

Written by 
Rate this item
(0 votes)

ရန်ကုန်  ဇွန်  ၁၂

 မြန်မာနိုင်ငံ   ဆီးချို၊ သွေးချိုရောဂါ အသင်းမှ လူထုအကြား ကျယ်ပြန့်စွာ သိရှိနိုင်စေရန် အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.myanmardiabetes.org.mm website   မိတ်ဆက်ပွဲကို   ဇွန် ၁ဝ ရက် မွန်းလွဲပိုင်းက  ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။

'' ဒီ Website ကို  ဆရာတို့အသင်းအနေနဲ့ Online ကနေ မိတ်ဆက်ခြင်းဖြင့် ပြည်သူတွေ ဆီးချို၊  သွေးချိုရောဂါကို ကာကွယ်နိုင် မယ့် နည်းလမ်းတွေ သတိမူလာမယ်။  ကျန်းမာရေးဝန်ထမ်းတွေရဲ့  ကုသရေးတွေလည်း   ပိုပြီးတိုးတက်လာစေ မယ်။ ဒါ့အပြင် လူထုအကြား  ဆီးချို၊ သွေးချို ရောဂါနဲ့ ပတ်သက်တဲ့ပြဿနာတွေကို သုတေသနပြု လုပ်ငန်းတွေ တိုးတက်စွာ လုပ်ဆောင် လာနိုင်မှာပါ။ ဒီ Website ကို Online ကနေ အလွယ်တကူကြည့်နိုင်တဲ့ အတွက် အသင်းဝင် ဦးရေတွေလည်း တိုးလာမယ့်အပြင် ရောဂါနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေနဲ့အသင်းရဲ့လုပ်ဆောင်ချက်တွေကို သိစေမှာဖြစ်ပါတယ်'' ဟု  မြန်မာနိုင်ငံ ဆီးချို၊ သွေးချို ရောဂါအသင်းဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်က ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနှုန်းသည် အသက် ၂၅ နှစ်မှ အသက် ၆၄ နှစ်အတွင်းရှိ    လူဦးရေ ၂၅ သန်းသည် ဆီးချို၊ သွေးချိုဖြစ်ပွားနှုန်း  ၂ ဒသမ ၅ သန်း ရှိနေသည်။ လူဦးရေ ၁ဝဝ တွင် အမျိုးသား၊ အမျိုးသမီး ၁ဝ ရာခိုင်နှုန်း ဖြစ်ပွားနေပြီး ၁၉ ရာခိုင်နှုန်းသည်    ရောဂါဖြစ်ပွားရန် နီးစပ်နေကြောင်း  မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအသင်းမှ သိရသည်။

ရောဂါဖြစ်ပွားရန် နီးစပ်နေသူများသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါနှင့် ဦးနှောက်သွေးကြောပိတ် ကာ လေဖြတ်ရောဂါများ ဖြစ်ပေါ်နေကြောင်း သိရသည်။

နောက်ဆက်တွဲရောဂါအဖြစ် ဦးနှောက်သွေးကြောပိတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊  နာတာရှည်ခြေထောက်ပုပ်ခြင်းနှင့် သွေး တိုးရောဂါများကို  ဆက်လက် ခံစားရမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ဆီးချို၊ သွေးချို ဆိုင်ရာရောဂါများနှင့်   သတင်းအချက်အလက်များအား ဗဟုသုတအဖြစ် ယခုဖွင့်လှစ် လိုက်သော Website သစ်တွင် ဝင်ရောက် ကြည့်ရှုနိုင်သည့်အပြင်   အသင်းဝင်များအဖြစ် လျှောက်ထားနိုင်ကြောင်း  သိရ သည်။

ထို့ပြင် အသင်းဝင်တစ်ဦးအနေဖြင့် အသင်းမှ ကျင်းပသော ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများ တက်ရောက်နိုင်ခြင်း၊ ကုသခွင့် အခွင့်အလမ်းများ ရရှိစေခြင်းနှင့်  ဝါရင့်ဆီးချို၊ သွေးချိုထိပ်တန်း အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆက်သွယ် ချိတ်ဆက်ခွင့်နှင့် ရောဂါအကြောင်း ပွင့်လင်းစွာ ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်သည်။

 

 

 

Read 1135 times Last modified on Monday, 13 June 2016 09:48

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more