BreakingNews
မိုး ထစ်ချုန်း ရွာမည် - Tuesday, 02 May 2017 12:36
ဧပြီ ၂၃ ရက် ည ယှဉ် ပြိုင် သည့် ဘော လုံး ပွဲ ရလဒ်များ - Monday, 24 April 2017 14:39
    

မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။

Wednesday, 27 April 2016 09:43

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန် အိမ်တွင်း ဆေးနည်းများ

Written by 
Rate this item
(0 votes)

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက် များကြပါတယ်။ ချိုင်းချွေးနံ့ ဆိုးခြင်းက မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေသလို ဘေးပတ်ဝန်းကျင်ကိုလည်း ကြီးစွာသော 

စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ချိုင်းချွေးနံ့ဆိုးခြင်းရဲ့ အဓိက အကြောင်းရင်းက တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေကြောင့် ဖြစ်ရတာပါ။

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း ဆိုတာ နေ့စဉ်ရေမှန်မှန် မချိုးခြင်း၊ ရေချိုးသော်လည်း   ချိုင်းကို သန့်စင်အောင် ဆပ်ပြာ များများ၊ ရေများများဖြင့် စနစ်တကျ ဆေးကြောမှု မရှိခြင်း၊ ရေချိုးပြီးတဲ့အခါ အဝတ်ဟောင်းများကို ပြန်လည်ဝတ်ဆင်ခြင်း၊ ချိုင်းမွေးမနုတ်ခြင်း စသည်တို့ကြောင့် ချိုင်းချွေးနံ့ နံလာရပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက် ဆိုတာက လူအားလုံးမှာ Accrine ဂလင်းနှင့် Apocrine ဂလင်းဆိုပြီး ချွေးဂလင်းနှစ်မျိုးစီ ပါရှိကြပြီး  ချွေးဂလင်း စုစုပေါင်းဟာ ပျမ်းမျှ နှစ်သန်းကျော်မှ လေးသန်းဝန်းကျင်အထိ ရှိကြပါတယ်။   Apocrine ဂလင်းကတော့ ချိုင်းနဲ့ ပေါင်ခြံတွေ ကြားမှာရှိပြီး ယင်းချွေးအဆီကို  ခန္ဓာကိုယ်ပေါ်ရှိ ဗက်တီးရီးယား များက နှစ်ခြိုက်စွာ စားသုံးကြတာမို့ ထိုဗက်တီးရီးယားတွေရဲ့   စွန့်ပစ် အညစ်အကြေးတွေဟာ ချိုင်းချွေးအဆီနဲ့ ပေါင်းစပ်ပြီး ချိုင်းနံ့ဆိုးတွေ ထွက်ပေါ် လာပါတော့တယ်။ ချိုင်းချွေးထွက် သန်သူများအဖို့ တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်   သို့မဟုတ် လိုအပ်လျှင် နှစ်ကြိမ်ထက် ပို၍ ချိုင်းကို ဆပ်ပြာဖြင့် ဆေးကြော သန့်စင် ပေးသင့်ပါတယ်။ နေ့လယ်မှာ လန်းဆန်းတာဝါ (ခေါ်) အမွှေးနံ့ပါသော အဝတ်ကို ရေအနည်းငယ် ဆွတ်၍ ချိုင်းကို ပွတ်တိုက် သန့်စင်ပေးပါ။

ခရမ်းချဉ်သီးရဲ့ ပင်စည်ထဲမှာ ချိုင်းချွေးနံ့နဲ့ ဆင်တူတဲ့ Terpenes (ခေါ်) အဆီ တစ်မျိုးပါဝင် ပါတယ်။ အဲဒီအဆီမှာ ပါဝင်တဲ့ အနံ့ကို ခရမ်းချဉ်သီးထဲကို ဝင်မလာအောင် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းဖြစ်တဲ့ လူကိုပင်း (Lycopene) က တားဆီးပေးနိုင် ပါတယ်။ ခရမ်းချဉ်သီးကို စားသုံးခြင်းဖြင့် ချိုင်းချွေးနံ့ကို ကာကွယ်နိုင်မှာပါလို့ ဗြိတိန်လူမျိုး သမားတော် Dr.Charles  Stewart က ပြောတယ်။ ရေချိုးပြီးတဲ့အခါ ရေစိုနေတဲ့ ချိုင်းသားကို ကျောက်ချဉ်ဖြင့် ပွတ်တိုက်ပေးပါ။ ကျောက်ချဉ်များကို ပရဆေးဆိုင်တွေမှာ အလွယ် တကူဝယ်ယူ ရရှိနိုင်ပါတယ်။ အလှကုန် ဈေးကွက်ထဲမှာ တံဆိပ်စုံ၊ အမျိုးအစားစုံ ချိုင်းချွေးနံ့ ပျောက်ဆေးတောင့်တွေ တစ်ပုံကြီးရှိပေမယ့် ကျောက်ချဉ်နဲ့ လုပ်ထားတဲ့ ချွေးနံ့ပျောက် ဆေးတောင့်ကိုသာ ရွေးချယ်ပါ။ သူက ချွေးနံ့ ပျောက်စေရုံသာမက ချိုင်းသား ဖြူစေပြီး   ဆေးတောင့်သုံးခြင်း အတွက် ဓာတ်မတည့်မှာ၊ ရင်သားကင်ဆာ ဖြစ်စေမှာတွေကိုလည်း  တွေးမပူရတော့ပါဘူး။ (ချွေးနံ့ပျောက် အမွှေးတောင့်တွေ သုံးတဲ့အခါ ချိုင်းနေရာ တည့်တည့်ကိုသာ သုတ်လိမ်းပေးပါ။ ချိုင်းအောက်ဘက် ရင်သားနဲ့ နီးတဲ့ နေရာတွေကို မလိမ်းပါနှင့်) ပုလင်းသန့်သန့် တစ်လုံးထဲမှာ ထုံးအနည်းငယ် ထည့်၍ ရေဖြည့်ထားပါ။  ရေချိုးပြီးတိုင်း ယင်းထုံးရေကြည်နဲ့ ချိုင်းကိုလိမ်းပေးပါ။ ထုံးအနှစ်များကို မလိမ်းပါနဲ့။ ချိုင်းချွေးနံ့ နံခြင်းနဲ့ ချိုင်းသားမည်းညစ်ခြင်း အတွက် သံပရာရည် ညှစ်ပြီးသား အခွံနဲ့ ချိုင်းသားကို ဖိတိုက်ပေးပါ ဒါမှမဟုတ် သံပရာရည် လိမ်းပါ။

ချိုင်းအနံ့ဆိုးများကို ပျောက်စေဖို့ စပါးလင် အဆီကို ရေရောပြီး အသုံးပြုနိုင်ပါတယ်။ အဝတ်အထည်များကို ကြေးညှော်နံ့ ကင်းစင်အောင် လျှော်ဖွပ်ပေးပါ။ ကိုယ်နံ့ ဆိုးတဲ့သူတွေရဲ့   အဝတ်အထည်များနဲ့ အတူတကွရောပြီး မလျှော်ဖွပ်ပါနှင့်။ မိမိကိုယ်ပိုင် သီးသန့် အဝတ်အထည်ကိုသာ ဝတ်ဆင်ပါ။ အထူးသဖြင့် ကိုယ်နံ့ပြင်းတဲ့ သူတွေရဲ့   အဝတ်အထည်များ ငှားရမ်း လဲလှယ် ဝတ်ဆင်ခြင်းမျိုးကို ရှောင်ပါ။ ကြက်သွန်အဖြူနှင့်  ကြက်သွန်အနီ ထဲမှာပါရှိတဲ့ ဆာလဖာ ဓာတ်ပေါင်းက ချွေးနံ့ပိုဆိုး စေနိုင်ပါတယ်။ ပူအိုက်တဲ့ ရာသီမှာ ချွေးပိုထွက်တတ်တာကြောင့် အနံ့ပိုဆိုးနိုင်လို့ လေဝင်လေထွက် ကောင်းပြီး ပေါ့ပါးအေးမြတဲ့ အဝတ်အထည်တွေကို ရွေးချယ်ဝတ်ဆင်ပါ။ ဗက်တီးရီးယား ပိုးမွှားသေစေတဲ့  ဆပ်ပြာ ပြင်းပြင်းဖြင့် ကိုယ်တိုက်သန့်စင်ပါ။ ချိုင်းချွေး အဆီများကို စားသောက်၍ ရနံ့ဆိုး ဖြစ်ပေါ်စေတဲ့ ဗက်တီးရီးယား ပိုးမွှားများအတွက် Hydrogen Peroxide က အကောင်းဆုံး  ပိုးမွှားသန့်စင်ဆေး ဖြစ်ပါတယ်။ ဒါကြောင့် Hydrogen Peroxide ဆေးရည် နှစ်စက်ခန့်ကို ရေသန့် ခုနစ်ဇွန်းဖြင့် ရော၍ ချိုင်းကို သုတ်လိမ်းပေးပါ။ (အသားအရေ ထိခိုက် လွယ်သူများ ဖြစ်ပါက ယင်း Hydrogen Peroxide ဆေးရည်အပြင်းစားကို ချင့်ချိန်၍သုံးစွဲပါ) အရက်၊ ပန်းသီးရှလကာရည် ဒါမှမဟုတ် ဟင်းချက် ရှလကာရည်တို့ကိုလည်း သင့်တော်သလို ရောပြီး   ချိုင်းကို ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။ ဆေးလိပ်တစ်လိပ်ထဲမှာ ဓာတုဒြပ်ပေါင်းစု အမျိုးပေါင်း ၇ဝဝဝ ကျော်ပါရှိပြီး အကျိုးဆက်အဖြစ် ချွေးနံ့နံခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။  

 

 

 

Read 810 times Last modified on Wednesday, 27 April 2016 09:44

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more