BreakingNews
မိုး ထစ်ချုန်း ရွာမည် - Tuesday, 02 May 2017 12:36
ဧပြီ ၂၃ ရက် ည ယှဉ် ပြိုင် သည့် ဘော လုံး ပွဲ ရလဒ်များ - Monday, 24 April 2017 14:39
    

မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။

Monday, 21 March 2016 13:42

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ ပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်မည်

Written by 
Rate this item
(0 votes)

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်ပွားမှုကို လျှော့ချရန် ကျန်းမာရေး ဝန်ကြီးဌာနမှ  ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (3MDG)  ၏ ပံ့ပိုးကူညီမှုဖြင့် အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်

သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုတွင် တီဘီရောဂါသည် ကုသ ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်ပြီး အခမဲ့ ကုသပေးခြင်းနှင့် ရောဂါတိုက်ဖျက်ရေး အတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်း ဆောင်ရွက်ရန် ပြည်သူလူထုသို့ အသိပညာပေး တိုက်တွန်းခြင်းများ ပါဝင်သည်။ ယင်းလှုပ်ရှားမှုကို မတ်၂၄ရက် ကမ္ဘာ့တီဘီရောဂါတိုက် ဖျက်ရေးနေ့တွင်   အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် ပါဝင် သရုပ်ဆောင်ထားသည့် တီဘီ ရောဂါကုသနိုင်မှုဆိုင်ရာ  အသိပညာပေး ရုပ်သံမှတ်တမ်းများ၊ တီဘီရောဂါ လက္ခဏာများကို အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ၌  အခမဲ့ကုသနိုင်ကြောင်း  စသည်တို့ကို လူထုအတွင်းသိရှိရန် ဆောင် ရွက်သွားမည်ဖြစ်သည်။

''တီဘီရောဂါဟာ အသက်အန္တရာယ် ရှိပြီး ကူးစက်နိုင်ခြေမြင့်မားတဲ့ ရောဂါဖြစ် ပေမယ့်ကုသလို့ ရပါတယ်။ ၁၉၉ဝ ပြည့်နှစ်နဲ့  နှိုင်းယှဉ်ပြီး တီဘီရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု တွေကို ၅ဝ ရာခိုင်နှုန်းလျှော့ချဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာန အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေး စီမံကိန်းအနေနဲ့ ၂ဝ၅ဝ ပြည့်နှစ်မှာ တီဘီ ရောဂါကို   ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ်ကနေ ဖယ်ရှားဖို့ ဆောင်ရွက် နေပါတယ်'' ဟု ကျန်းမာရေး ဝန်ကြီးဌာန အမျိုးသားတီဘီ ရောဂါ တိုက်ဖျက်ရေး  စီမံကိန်းမှ စီမံကိန်း မန်နေဂျာ ဒေါက်တာစည်သူအောင်က ပြောသည်။

မြန်မာနိုင်ငံသည် တီဘီရောဂါအဖြစ် များဆုံးနိုင်ငံ ၃ဝ ၌ပါဝင်ပြီး တီဘီရောဂါဖြစ်ပွားမှုတွင် ကမ္ဘာ့ဖြစ်ပွားမှုနှုန်းထက် သုံးဆမြင့်ကာ လူဦးရေ တစ်သိန်းတွင် နှစ်စဉ်တီဘီ ဝေဒနာရှင် ၃၇ဝခန့် ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအတွင်း၌ တီဘီဝေဒနာရှင်နှင့် ဆေးယဉ်ပါးတီဘီ ရောဂါများကို နီးစပ်ရာကျန်းမာရေး ဦးစီးဌာနများတွင် အခမဲ့ကုသမှု ခံယူနိုင်ပြီး ရောဂါရှိလူနာများအား ခေတ်မီစက်ကြီးများနှင့် စစ်ဆေးကာ ရောဂါဖြစ်ပွားမှုရှိ၊ မရှိကိုလည်း ဖော် ထုတ်နိုင်ပြီဖြစ်ကြောင်းနှင့် ရောဂါဖြစ် ပွားမှု အားလျှော့ချနိုင်ရန် အသိပညာပေးရန် လိုအပ် ကြောင်း  သိရသည်။

မိုးအောင်

 

 

 

Read 873 times Last modified on Monday, 21 March 2016 13:44

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more