BreakingNews
ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ် ပွား မှု နှင့် ပတ် သက် ၍ သတင်းထုတ်ပြန် - Wednesday, 26 July 2017 14:55
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း အလိုရှိသည် - Saturday, 22 July 2017 16:56
    

Thursday, 18 May 2017 15:45

မိခင်သေဆုံးမှုနှုန်း လျော့ကျစေရန်နှင့် သားဆက်ခြားနည်း အခြေခံ အသိပညာ ပေးမည်

Written by 
Rate this item
(0 votes)

ရန်ကုန်  မေ  ၁၇

ရန်ကုန်တိုင်းဒေသကြီး   လှိုင်သာယာမြို့နယ်အတွင်း မိခင်သေဆုံးမှုနှုန်း လျှော့ချရန်အတွက် သားဆက်ခြားနည်းများကို စနစ်တကျ သိရှိစေရန်နှင့်    ကလေးများအား ကာကွယ်ဆေးထိုးရန်    စသည့်အခြေခံအချက်များကို အသိပညာ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစန်းစန်း မြင့်အောင်ထံမှ သိရသည်။

ကျန်းမာရေးအသိပညာ အားနည်းခြင်းကြောင့် မိခင်သေဆုံးမှု ဖြစ်ပေါ်နေပြီး အခြေခံကျသော  ကျန်းမာရေးစောင့်ရှောက်မှုကို   မိခင်များသိရှိနိုင်ရန်  ပညာပေးရခြင်းဖြစ်သည်။  ထို့ပြင် သားဆက်ခြားနည်းများကိုလည်း  မှန်ကန်စွာ သိရှိနားလည်စေရန်နှင့်  အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းများကို သိခြင်းအားဖြင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ သားဆက်ခြားနည်းများကို ဆောင်ရွက်ရာတွင်   သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ကြရန်  လိုအပ်ကြောင်း၊ လှိုင်သာယာမြို့နယ်သည်   တခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက   ကျန်းမာရေးအသိပညာ အားနည်းနေသောကြောင့်  ကနဦးအနေဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိခင်သေဆုံးရသည့် အကြောင်းရင်းများမှာ မွေးဖွားပြီးသွေးသွန်ခြင်း၊  မမွေးဖွားနိုင်၍ သားအိမ်ကွဲခြင်း၊ မီးတွင်းတွင် မွေးဖွားလမ်း ကြောင်းအတွင်း သွေးဝင်ခြင်းနှင့် ကလေးဖျက်၍သွေးဝင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ 

ထို့ကြောင့် ကိုယ်ဝန်ဆောင်များအား အဓိကထား၍ စောင့်ရှောက်ခြင်းနှင့် မွေးဖွား စဉ်စောင့်ရှောက်မှုပေးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 59 times Last modified on Thursday, 18 May 2017 15:46

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more