BreakingNews
ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ် ပွား မှု နှင့် ပတ် သက် ၍ သတင်းထုတ်ပြန် - Wednesday, 26 July 2017 14:55
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း အလိုရှိသည် - Saturday, 22 July 2017 16:56
    

Wednesday, 17 May 2017 17:29

မြစ်ကြီးနားမြို့၌ နိုင်ငံတကာ အဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်းဖွင့်

Written by 
Rate this item
(0 votes)

မြစ်ကြီးနား မေ ၁၆

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်နှင့် Rest In Peace လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ  အရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် (၁၁/၂ဝ၁၇)  ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်  ပြည်နယ် အားကစားကွင်းအတွင်းရှိ   မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး ကော်မတီ ဥက္ကဋ္ဌ အထက်မြန်မာပြည် တာဝန်ခံက သင်တန်းဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် ကချင်ပြည်နယ် ဥက္ကဋ္ဌက အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် တက်ရောက် အားပေးကြသူများကို  ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦးအား လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်မှ နည်းပြ ၃ဝ ဦးက အသက်ရှူ အားကူနည်း၊ အထောက်အကူပြုပစ္စည်း အသုံးပြု၍ လူနာသယ်ဆောင်နည်း၊ အထောက်အကူပြုပစ္စည်းမဲ့ လူနာသယ်ဆောင်နည်း၊ ရှေးဦးပြုစုခြင်း ဘာသာရပ်နှင့် တောင်ပေါ်ဒေသခရီးလမ်း၌ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ် ဆောင်နိုင်ရန် ဘာသာရပ်များကို မေ ၁၅ ရက်မှ ၂ဝ ရက်အထိ သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာ အဆင့်မီအရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်းများ ကို မြန်မာနိုင်ငံအတွင်း မြို့ပေါင်း ၇ဝ ကျော်တွင် သင်တန်းပေါင်း ၁ဝဝ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး အသင်းဝင် ဦးရေ  ၈ဝဝဝဝ ခန့်အထိရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး ကော်မတီဥက္ကဋ္ဌ အထက်မြန်မာပြည် တာဝန်ခံ ဦလှိုင်မင်းဦးထံမှ   သိရသည်။

Read 46 times Last modified on Wednesday, 17 May 2017 17:32

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more