BreakingNews
မိုး ထစ်ချုန်း ရွာမည် - Tuesday, 02 May 2017 12:36
ဧပြီ ၂၃ ရက် ည ယှဉ် ပြိုင် သည့် ဘော လုံး ပွဲ ရလဒ်များ - Monday, 24 April 2017 14:39
    

Wednesday, 19 April 2017 16:56

ရွှေတိဂုံ စေတီတော်၌ (၂၉) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

Written by 
Rate this item
(0 votes)

ရန်ကုန်  ဧပြီ  ၁၈

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှကြီးမှူး ကျင်းပသည့် (၂၉) ကြိမ်မြောက်  ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းတွင်  ရင်ပြင်တော်ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ သွေးလှူဒါန်းပွဲ ကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေးက သွေးလှူရှင်များအား  နှုတ်ခွန်းဆက် စကားပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာန တာဝန်ခံဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်သီတာအောင်က  သွေးလှူဒါန်း ရခြင်း အကြောင်း ပြောကြားသည်။

ထို့နောက်    လုပ်အားအလှူရှင်များ၊ အာဟာရ အလှူရှင်များနှင့်    ဝိုင်းဝန်းဆောင်ရွက် ပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများအား တာဝန် ရှိသူများက   ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

''သွေးလှူဒါန်းပွဲပြုလုပ်ခဲ့တာ ဒါနဲ့ဆို ၂၉ ကြိမ်ရှိပါပြီ။ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေအားလုံးပဲ ဒီမှာ လာရောက် လှူဒါန်းကြတယ်။ သွေးလှူဒါန်းတဲ့ သူတွေနဲ့ ကိုယ်တိုင်သွေးမလှူနိုင်ပေမယ့် သွေးလှူဒါန်းတဲ့ သူတွေအတွက် အာဟာရဒါန လှူဒါန်းတဲ့သူတွေ အားလုံးကို  ကျေးဇူးတင်ပါတယ်။ 

သာမန်သွေးလှူဒါန်းပွဲ   ပြုလုပ်တဲ့ရက်မှာ ပျမ်းမျှတစ်ကြိမ်ကို သွေးအိတ်    ၇၅ဝ လောက်ရပေမယ့် အခုလို အခါကြီးရက်ကြီးမှာ  သွေးအိတ်ပေါင်း  ၁ဝဝဝ  ဝန်းကျင်လောက် ရပါတယ်''ဟု   ဦးခင်မောင်ဌေးက ပြောသည်။

ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့မှ ပြုလုပ်သည့်  ယင်းစုပေါင်းသွေးလှူဒါန်းပွဲကို ၂ဝဝ၇ ခုနှစ်မှစတင်ကာ   လေးလလျှင် တစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင်သုံးကြိမ် ပုံမှန်ကျင်းပခဲ့ရာ  ယခုအခါ (၂၉)  ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Read 54 times Last modified on Wednesday, 19 April 2017 16:58

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more